Ep-(27)

16K 1K 18
                                    

"​တောက်​...."

ဘာကို ​ဒေါသထွက်​လို့ထွက်​မှန်းမသိ...
ဘယ်​သူ့ကိုစိတ်​တိုလို့ တိုမှန်းမသိ.. .
တောက်​ တစ်​ချက်​​ခေါက်​ပြီး လင်းမြတ်​ အိမ်​က​နေ ရှင်းခန့်​ပိုင်​ ပြန်​ထွက်​လာခဲ့တယ်​....။

အိမ်​ပြန်​ဖို့ taxi တစ်​စီးငှါးပြီး ကား​ပေါ်​ရောက်​​တော့ လင်းမြတ်​ဆီကို ဖုန်း​ခေါ်လိုက်​တယ်​ ။

"ရှင်းခန့်​ပိုင်​ မင်း ပြန်​သွားတာလား ဘာဖြစ်​ကျတာလဲကွာ..."

"သူငါ့ကို မ​တွေ့ချင်​မမြင်​ချင်​ဘူး ထင်​ပါတယ်​ ကွာ အာ့​ကြောင့်​ငါလဲထွက်​လာလိုက်​တာ..ပြီး​တော့ ငါအကူညီ​လေး​တောင်းစရာရှိလို့ ဒီညသူစားဖို့ တစ်​ခုခုလုပ်​​ပေးလိုက်​ပါ​နော်​ ပြီး​တော့ သူ့အနာ​တေလဲ ​ဆေးထည့်​​ပေး​ပေးပါ​နော်​...ပြီး​တော့ ​နောက်​ကို သူအာ့လိုရန်​မဖစ်​​အောင်​ မင်းတို့ကပဲ တား​ပေးပါ​ဦးကွာ..."

"ကျစ်​ မင်းကွာ ဧကရာဇ်​ ကို ပြတ်​နိုင်​တာလဲ မဟုပဲနဲ့ကို အာ့​လောက်​စိတ်​မချဖြစ်​​နေရင်​ ပြန်​လာခဲ့ပါလားကွာ.."

"ငါအကူညီ​တောင်းတာ​တေသာလုပ်​​ပေးပါကွာ"

"​အေး​အေး လုပ်​နိုင်​သ​လောက်​​တော့ လုပ်​​ပေးမယ်​ သူရန်​ဖစ်​တာ​တေထပ်​လုပ်​ရင်​​တော့ မင်းဘာသာလာတားကွာ.."

~~~~~~~~~~~~~~~~~~~~~~~~~~
ညက ​တော်​​တော်​နဲ့ အိပ်​မ​ပျော်​တာ​ကြောင့်​ ရှင်းခန့်​ပိုင်​ ​ကျောင်း​နောက်​ကျ​နေ​တော့တယ်​။
ဗိုက်​ဆာ​နေ​ပေမဲ့လဲ ​ကျောင်း​နောက်​ကျ​နေတာ​ကြောင့်​ စာသင်​​ဆောင်​ဘက်​ကိုပဲ အရင်​လာခဲ့တယ်​။

စာသင်​​ဆောင်​​ရောက်​ခါနီးမှာ သိမ့်​ထက်​ကို ​တွေ့လိုက်​ရတယ်​.. .ဆက် ကို ​တော့ မ​တွေ့မိဘူး။ရှင်း လဲ သိမ့်​ထက်​ နဲ့ ​ပြောစရာ စကားမရှိတာ​ကြောင့်​ မသိချင်​​ယောင်​​ဆောင်​ပြီး ဆက်​သွား​ပေမဲ့ သိမ့်​ထက်​က ရှင်း ရဲ့ အ​ရှေ့တည့်​တည့်​ က လာရပ်​တယ်​။

"ဘာလို့ ငါ​ရှေ့မှာ လာပိတ်​ရပ်​တာလဲ.."

"ငါတို့ စကား​ပြောရ​အောင်​ "

SERVANT Where stories live. Discover now