Ep-49(The End)

33K 1.5K 170
                                    

ကိုယ့်​ဘ၀က အထီးကျန်​ခဲ့တယ်​....
မိသားစု ​တေကြားမှာရှိတဲ့ ​နွေး​ထွေးမှု ​ပျော်​ရွှင်​မှု​တေကို မသိခဲ့ရဘူး.. ..
သူငယ်​ချင်း အ​ပေါင်းအသင်း ​တေနဲ့အတူ ​ပျော်​​ပျော်​ပါးပါး​ဆော့ကစား ရတဲ့ ခံစားချက်​​တေကို မသိခဲ့ရဘူး.. ...

ကိုယ်​ဖြစ်​ချင်​တဲ့ ဘ၀ပုံစံကို
မတည်​​ဆောက်​ခဲ့ရဘူး.. .
သူများက​ပေးတဲ့ အကူအညီ အ​ထောက်​အပံ့နဲ့ ​နေ့ရက်​​တေတိုင်းကို အသက်​ရှုခဲ့ရတယ်​။

ကိုယ့်​ဘ၀ကို မပိုင်​ခဲ့ရဘူး...
သူ့အတွက်​ ကိုယ်​က အရုပ်​တစ်​ရုပ်​သာဖြစ်​ခဲ့ရတယ်​...သူ့အတွက်​ ကိုယ်​ကအ​စေခံတစ်​​ယောက်​ ဖြစ်​ခဲ့ရတယ်​.. ..

နာကျင်​မှု​ပေါင်း​များစွာ သူ​ပေးခဲ့ဖူးတယ်​..
ဒဏ်​ရာ​ပေါင်းများစွာ သူ​ပေးခဲ့ဖူးတယ်​..
အာ့လိုပုံစံ​တေနဲ့ ကိုယ့်​ဘ၀ထဲကို...
သူဝင်​​ရောက်​လာခဲ့တယ်​..........
သူ့ ကိုမှ ချစ်​မိခဲ့တယ်​.........။

ရင်​ခုန်​သံ​တေကို ကြားတတ်​လာတယ်​...
ကြည်​နူးမှု ​ပျော်​ရွှင်​မှု​တေလဲ သူ့ဆီကပဲ..
အကြိမ်​ကြိမ်​ ထပ်​ပြီးရခဲ့တယ်​.....
ကိုယ့်​နှလုံးသားရဲ့ နက်​နက်​နဲနဲထိကို...
သူဝင်​​ရောက်​​နေရာယူခဲ့တယ်​.....

အထီးကျန်​အ​​ဖော်​ကင်းမဲ့လွန်းတဲ့ ကိုယ့်​ဘ၀မှာ..
သူက အရာရာ ဖြစ်​လာခဲ့တယ်​...
ကိုယ့်​ဘ၀ရဲ့ အလင်း​ရောင်​က ...
သူဖြစ်​ခဲ့တယ်​....
တစ်​​ယောက်​ကို တစ်​​ယောက်​ သစ္စာ ရှိစွာ
ချစ်​ခဲ့ကြတယ်​....
တစ်​​ယောက်​ ကို တစ်​​ယောက်​...
နားလည်​မှု ​တေယုံကြည်​မှု​တေ...
အပြည့်​အ၀ ထားပြီး ချစ်​ခဲ့ကြတယ်​.. ..

ဒါ​ပေမဲ့ ကိုယ့်​ကိုထားရက်​ခဲ့တယ်​။
ငါ့ဘ၀ရဲ့ အရာရာဖြစ်​တဲ့ မင်း....
ငါရဲ့ မိသားစု လဲဖြစ်​တဲ့ မင်း...
ငါ့ရဲ့ သူငယ်​ချင်း လဲဖြစ်​တဲ့မင်း...
ငါ့ ယုံကြည်​ခဲ့ရတဲ့မင်း...
ငါ့ ချစ်​သူဖြစ်​ခဲ့တဲ့ မင်း...
ငါ ချစ်​ ခဲ့ရတဲ့ မင်းက....
ငါ့ကို ထားရက်​ခဲ့ပြီ.....
ရိုးရိုးထားခဲ့တာမဟုတ်​ပဲ တစ်​ခြားတစ်​​ယောက်​ကို ​ရွေးချယ်​ ပြီး ငါ့ကိုထားခဲ့တာ...

မုန်းချင်​တယ်​.. မင်းကိုမုန်းလိုက်​ချင်​တယ်​..
ဒါ​ပေမဲ့ ငါမမုန်းနိုင်​ခဲ့ဘူး..
.ငါမင်းကို..မုန်းလို့မရခဲ့ဘူး....
အာ့အချိန်​မှာ တစ်​ခုထဲ​သော ဆုံးဖြတ်​ချက်​ ကိုငါချမိတယ်​....ငါ​ပျောက်​ကွယ်​သွားလိုက်​တာ အ​ကောင်းဆုံးပါပဲ........

SERVANT حيث تعيش القصص. اكتشف الآن