Ep-(46)

16K 955 26
                                    

သိမ့်​ထက်​လာ​ပြောပြလို့ ဆက်​ဧကရာဇ်​ က ရှင်းခန့်​ပိုင်​ နဲ့ အတူရှိ​နေတယ်​ဆိုတာ ဦးထင်​ရှား ​ရော ​ဒေါ်လင်းစန္ဒာ ​ရောသိခဲ့ရပါတယ်​။ဦးထင်​ရှားက အ​ရေးကြီးအ​စီးအ​ဝေးရှိလို့ လိုက်​မလာနိုင်​ခဲ့ပါဘူး။ဒေါ်လင်းစန္ဒာက ရှင်းခန့်​ပိုင်​ အိမ်​ဘယ်​မှာလဲ သိရဖို့ လင်းမြတ်​ကို​မေး​ပေမဲ့ လင်းမြတ်​ကလဲ ရှင်းခန့်​ပိုင်​အလုပ်​လုပ်​တဲ့​နေရာပဲ သိတာမို့လို့ ရှင်းခန့်​ပိုင်​ အလုပ်​လုပ်​တဲ့ ဖုန်းဆိုင်​က​နေမှတစ်​ဆင့်​ ရှင်းခန့်​ပိုင်​ ရဲ့ အိမ်​လိပ်​စာကို သိပြီးလိုက်​လာခဲ့တာပါ။

ဆက်​ဧကရာဇ်​ ​ကို​ခေါ်လာခဲ့ပြီးအိမ်​​ရောက်​တာနဲ့ အခန်းထဲသွားခိုင်းပြီးအပြင်​က​နေ တံခါး​​သော့ခတ်​ထားလိုက်​​တော့တယ်​။ ဆက်​ဧကရာဇ်​ က မိဘ​တေကို ​သေချာနားလည်​​အောင်​ ရှင်းပြမယ်​ ရှင်း နဲ့ သ​ဘောတူ​အောင်​ ကြိုးစားမယ်​ဆိုပြီး အိမ်​ကို ပြန်​လိုက်​လာခဲ့တာပါ ။အခု​တော့ ဘာစကားမှ​တောင်​​ပြောခွင့်​ မရပဲ အခန်းတံခါး ပိတ်​ခံထားရတယ်​။

"​မေ​မေ တံခါးဖွင့်​​ပေး ...တံခါးဖွင့်​​ပေးပါ.. သား ​ပြောပြတာ​တေကို နား​ထောင်​​ပေးပါဦး​ဗျာ ..အာ့လိုမလုပ်​ပါနဲ့ ​နော်​...​မေ​မေ...."

အိမ်​ပြန်​​ရောက်​ထဲက ဆက်​ဧကရာဇ်​ ကို တစ်​​နေ့လုံး တစ်​ညလုံး အခန်းထဲမှာ တံခါး​သော့ခတ်​ပြီးထားထားပါတယ်​။

အခုလိုအ​ခြေအ​နေဖြစ်​ဖို့ ဆက်​ က ပြန်​လိုက်​လာတာမဟုတ်​ပါဘူး။ ဦးထင်​ရှား နဲ့​ဒေါ်လင်းစန္ဒာ နဲ့ ​သေချာညှိနှိုင်းပြီး စကား​သေချာ​ပြောဖို့ ပြန်​လိုက်​လာခဲ့တာပါ ။အခုလို အခန်းထဲပိတ်​​လှောင်​ထားခံရဖို့ မဟုတ်​ပါဘူး။ အခုလိုအခန်းထဲမှာ ပိတ်​ထားပြီး ဆက်​ ကိုလဲ ဘာမှမ​ပြောပဲ ဘာ​တေလုပ်​ဖို့ စဉ်းစား​နေကြတာလဲ ဆိုပြီး ဆက်​ ​တွေး​နေ​လေရဲ့။

သူ​စောင့်​​နေ​လောက်​ပြီ.....
သူ့ကို ခနလို့ပဲ​ပြောခဲ့တာ....
သူ့ကို အကြာကြီး မ​စောင့်​ခိုင်း​စေချင်​ဘူး...
ဒီအခန်းထဲက မြန်​မြန်​ ထုတ်​​ပေးကြပါ​တော့....

SERVANT Where stories live. Discover now