Ep-(48)

19.1K 1K 58
                                    

မင်္ဂလာခန်းမကြီးထဲမှာ ရှိ​နေတဲ့ လူ​တေအကုန်​လုံးက အသိုင်းအ၀ိုင်းကြီး​တေထဲက ထိပ်​တန်းမိသားစု​တေပဲမို့လို့ အပြိုင်​အဆိုင်​ လှပ​နေကြတယ်​။ ခန်းမထဲမှာရှိ​နေတဲ့ ဧည့်​ပရိတ်​သတ်​​တေလဲ တစ်​စု ပြီး တစ်​စု ၀င်​​ရောက်​လို့လာတယ်​။

ဆက်​ဧကရာဇ်​ မိဘ​တေနဲ့ သိမ့်​ထက်​မိဘ​တေ က​တော့ လာသမျှဧည့်​သည်​တိုင်းကို အပြုံးများနဲ့ ကြိုဆို​နေတယ်​။ ထိုခန်းမထဲမှရှိတဲ့ သူ​တေအကုန်​လုံးလိုလို ​ပျော်​ရွှင်​​နေကြပါတယ်​။ မင်္ဂလာ အချိန်​ကိုကျ​ရောက်​​တော့မှာမို့လို့ ခန်းမကြီး တစ်​ခုလုံး ဧည့်​သည်​​တေ စုံစုံလင်​လင်​ကို ​ရောက်​ရှိ​နေကြပြီ။ ထိုမင်္ဂလာခန်းမကြီးထဲမှာ ရယ်​​မောသံ​တေ ​ပျော်​ရွှင်​သံ​တေနဲ့ ပြည့်​နှက်​​နေပြီး လူတိုင်းမျက်​နှာမှာ အပြုံး​တေဆင်​မြန်းထားတယ်​။

ကာယကံရှင်​မဟုတ်​တဲ့သူ​တေ​တောင်​ အာ့​လောက်​ ပြုံး​ပျော်​​နေကြရင်​ ကာယကံရှင်​ဖြစ်​တဲ့ သူ​တေက​ရော..........

အ၀တ်​အစား လဲခန်းထဲမှာ အဖြူ​ရောင်​၀တ်​စုံ​လေးနဲ့ သိပ်​ကိုလှပ​နေတဲ့ သူမ.....ကိုယ်​ချစ်​ရတဲ့သူနဲ့လက်​ထက်​ရတဲ့ ​ပျော်​ရွှင်​မှုဆိုတာ ကိုအပြည့်​အ၀ခံစား​နေရတဲ့ သူမ.....ဘယ်​​လောက်​​တောင်​ ရင်​ထဲမှာကြည်​နူးပြီး​ပျော်​​နေရသလဲ ဆိုရင်​ မျက်​ရည်​ကျမိတဲ့အထိပါပဲ....

"သိမ့်​ထက်​ ဘာလို့ငို​နေတာလဲ မိတ်​ကပ်​​တေပျက်​ကုန်​မယ်​​လေ ခုန​နေရင်​ မင်္ဂလာပွဲစ​တော့မှာကို မငိုနဲ့ ​တော့....."

"​ပျော်​လွန်းလို့ ပါ မမ စိမ့်​ရယ်​ ဒါနဲ့ ဧကရာဇ်​ ​ရော..."

"သူ့အခန်းမှာ​ပေါ့ ခန​နေ​တွေ့ရမဲ့ဟာကို...."

ဆံပင်​​တေကိုသပ်​သပ်​ရပ်​ရပ်​လှန်​တင်​ပြီး ဖီးထားတယ်​။ အဖြူ​ရောင်​တိုက်​ပုံဝမ်းဆက်​နဲ့ အရမ်းကို ​ချော​မော​နေတဲ့ သတိုးသား ဆက်​ဧကရာဇ်​ ရဲ့ မျက်​နှာမှာ​တော့ မျက်​ရည်​စီး​ကြောင်း​တေသာ ရှိ​နေတယ်​။

ငါ့ကို ဘယ်​​လောက်​​တောင်​...
စိတ်​နာသွားမလဲ.....
ငါ့ကို ဘယ်​​လောက်​ထိ...
မုန်းသွားပြီလဲ.....ရှင်း ရယ်​....

SERVANT Where stories live. Discover now