Ep-(37)

14.5K 1.1K 31
                                    

ရှင်းခန့်​ပိုင်​ လူနာမရှိတဲ့အခန်းလွတ်​ထဲမှာ တစ်​နာရီ​လောက်​ကြာ​အောင်​ငို​နေခဲ့တယ်​...။
မေ​မေက မ​နေ့ကမှအ​ကောင်းကြီးရှိ​နေ​သေးတာကို ဘာလိုအခုလိုရုတ်​တရက်​ ဖြစ်​ရတာလဲ ဆိုပြီး ​ဆရာဝန်​ဆီကို ရှင်းခန့်​ပိုင်​ သွား​မေး​တော့တယ်​....။

"မင်းက ​ဒေါ်ဆုမြတ်​ ရဲ့ သား​လေးလား.."

"ဟုတ်​ကဲ့ ဆရာ ကျွန်​​တော်​အ​မေက ရုတ်​တရက်​ ကြီး ဘာလို့အခုလိုဖြစ်​သွားလဲ သိချင်​လို့ပါ.."

"အရင်​ဆုံး သားအတွက်​ ဆရာတို့ စိတ်​မ​ကောင်းပါဘူး ​နော်​ ...​ဒေါ်ဆုမြတ်​ က သား​ရှေ့မှာမို့လို့ ​တောင့်​ခံထားတာထင်​ပါတယ်​ ...သူ့နှလုံးက အပြင်းအထန်​ကို ​အောင့်​​နေခဲ့တာ...ဆရာ တို့မှာလဲ နှလုံးအစားထိုးတာကိုပဲ ​စောင့်​​နေရတာ​လေ ကျန်​တာက​တော့ သူ့ကို အနည်းငယ်​ သက်​သာ​အောင်​ပဲ ထိန်း​ပေးနိုင်​ခဲ့တာ..."

ဆရာဝန်​ရှင်းပြ​နေရင်းနဲ့ကို ရှင်းခန့်​ပိုင်​ မျက်​ရည်​​တေ ထပ်​ပြီးကျလာခဲ့​တယ်​...။
ဆရာဝန်​ က ရှင်းခန့်​ပိုင်​ ကို တစ်​ရှူးလှမ်း​ပေးလိုက်​တယ်​...။

"ဟို ဆက်​​ပြောလို့ အဆင်​​ပြေ ရဲ့လားမသိဘူး"

ရှင်းခန့်​ပိုင်​ လဲ ဆရာဝန်​ ကိုအားနာသွားပြီး မျက်​ရည်​ ​တေကို အမြန်​သုတ်​လိုက်​တယ်​..။

"ဟုတ်​ကဲ့ ရပါတယ်​ ဆရာ ဆက်​​ပြောပါ​နော်​.."

"အင်​.း.. မင်းအ​မေ​ဒေါ်ဆုမြတ်​အတွက်​ မ​နေ့က နှလုံးအစားထိုးကုသဖို့ အလှူရှင်​ကို ရှာ​တွေ့ခဲ့တယ်​..."

"ဗျာ.......တ တကယ်​ပဲလား..."

"ဟုတ်​တယ်​ မ​နေ့ကတစ်​ခါထဲခွဲစိပ်​မယ်​လို့ ဆရာတို့ ဆုံးဖြတ်​လိုက်​ တာ​ပေါ့ ဒါ​ပေမဲ့ ​ဒေါ်ဆုမြတ်​ ရဲ့ အုပ်​ထိန်းသူ​နေရာက ဦးထင်​ရှားက ခွင့်​မပြုခဲ့ဘူး..."

ရှင်းခန့်​ပိုင်​ စားပွဲ​ပေါ်တင်​ထားတဲ့ လက်​​တေကို စားပွဲခုံ ​အောက်​ဘက်​ကို ​ရွေ့ပြီး လက်​သီးကိုဆုတ်​ထားလိုက်​တယ်​။ထွက်​​နေတဲ့ ​ဒေါသ​တေကို ထိန်းပြီး......

SERVANT Where stories live. Discover now