စာအုပ်လေးအဖြစ်.....💛

1.1K 39 14
                                    

Servant လေးနဲ့ပတ်သတ်ပြီး ပြောပြစရာလေးရှိလို့ပါ ။ Servant လေးက စာအုပ်လေးအဖြစ်ထွက်ရှိလာပါတော့မယ်နော်။ ခဏခဏအကြိမ်ကြိမ်ကျေးဇူးတင်ခဲ့ရပေမဲ့ ထပ်ပြီး ခဏခဏအမြဲပြောချင်နေတာကတော့ ဒီ Servant လေးကိုသဘောကျပေးကြတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်နော်။

စာဖတ်သူတွေတော်တော်များများဆီကနေ စာအုပ်လေးထုတ်ဖို့တောင်းဆိုထားတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့် သိမ်းထားချင်တဲ့သူလေးတွေရှိနေမယ်ဆိုရင် သိမ်းထားခွင့်ရအောင် ကိုယ်အကြောင်းကြားပြောပြပေးဖြစ်တာပါ။

ေရးထားတာ အတော်ကြာနေခဲ့ပြီဖြစ်ပေမဲ့ အခုတော့စာအုပ်လေးအဖြစ်မြင်ရတော့မယ်။ စစချင်းရေးတုန်းကဆို no viewer no vote ကိုမှ Follower 5 ယောက်ထဲနဲ့စရေးခဲ့တာပါ ။ ရေးကြည့်ခဲ့ရုံ စမ်းသပ်ကြည့်ခဲ့ရုံပေမဲ့ စာရေးခြင်းကိုဘယ်လောက်သဘောကျပျော်ရွှင်ရလည်းဆိုတာ ဒီ Servant လေး ကြောင့် ကိုယ့်ရည်မှန်းချက်လေးတစ်စွန်းတစ်စကို သိခွင့်ရခဲ့ပါတယ်။ ဘယ်အရာကိုမှမမျှော်လင့်ဘဲ ရေးကြည့်မိခဲ့ကြိုးစားမိခဲ့တဲ့ Servant လေးကို အများကြီးကသဘောကျနှစ်သက်ပေးလို့ ပျော်ရွှင်ရမှုက အတိုင်းအဆမရှိပါပဲ။ ဘဝမှာ စိတ်ကူးတောင်မယဥ်ထားဖူးတဲ့အရာလေးက အခုတော့ဖြစ်လာခဲ့ပြီပေါ့။ စာအုပ်ပေါ်မှာ written by ThetEainMhoo ဆိုတာကို မြင်တွေ့ခွင့်ရအောင် ကိုယ့်နာမည်ကို ဖော်ပြခွင့်ရခဲ့တာ ငယ်​ေလးတို့ သဘောကျနှစ်သက်ပေးလို့ ဖြစ်လာခဲ့ရတာပါ။ ထပ်ပြီး ကျေးဇူးတင်ပါတယ်နော်။

မသေမသပ်အရေးအသားနဲ့ အခါခါမှားယွင်းထားတဲ့သတ်ပုံအမှားတွေကြားထဲက သဘောကျ၍ လာကမ်းလှမ်းခဲ့ဖူးတဲ့ စာတိုက်တွေကိုလည်း ကျေးဇူးတင်ပါတယ် နော်။

အခုတော့ Servant လေးကို Only For Two Book House ဆိုတဲ့စာတိုက်လေးကနေ မွေးထုတ်ပေးဖြစ်ပါတော့မယ်။ ကိုယ့်ကြိုးပမ်းမှုလေးကို အကောင်အထည်ဖော်ခွင့်ပေးတဲ့ Only For Two Book House စာတိုက်လေးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

အမြဲသည်းခံအလျော့ပေးကာ ကျွန်လိုပဲ ထားထား ၊ ထားရာ​ေနစေရာသွားမဲ့ကောင်လေး အမြဲအမိန့်ကိုနာခံကာ ချစ်ပေးတတ်တဲ့ ရှင်းခန့်ပိုင် နဲ့ အမြဲအနိုင်ယူဗိုလ်ကျကာ နာကျင်မှုဖြစ်ဖြစ် ကြင်နာမှုဖြစ်ဖြစ် သူတစ်ယောက်တည်းပဲ ပေးရတဲ့သူဖြစ်စေချင်တယ်ဆိုတဲ့ အတ္တကြီးစွာ ချစ်ပေးတတ်တဲ့ ဆက်ဧကရာဇ်။

SERVANT Where stories live. Discover now