Ep-(23)

16.9K 1K 12
                                    

"ဆက်​ ငါ့ကို​ပြောပြ အကုန်​​ပြောပြ ငါတို့အတူရင်​ဆိုင်​မယ်​​လေကွာ...."

ဆက်​ သက်ပြင်း​တေကိုသာ ဆက်​တိုက်​ချ​နေမိ​တော့တယ်​.....

"​မေ​မေတို့သိသွားပြီ..."

မျက်​လွှာ​လေးကိုချထားရင်း​ပြောလာတဲ့ပုံစံ​လေးက ဟင့်​အင်း ကျွန်​​တော် ထင်​တာ​တော့ မဟုတ်​​လောက်​ပါဘူး မလား....။

"ဘာ ဘာကို သိတာလဲ ဆက်​...."

ပို​သေချာ​အောင်​ ထပ်​ပြီး​တော့​မေးလိုက်​မိတယ်​..ရှင်း ​မေးလိုက်​​တော့ မျက်​ရည်​​တေ၀ဲ​နေတဲ့ မျက်​၀န်း ​လေး​တေနဲ့ ရှင်း ကို လှမ်းကြည့်​လာတဲ့ ဆက်​ ကို ရှင်း စိတ်​ပူရပြန်​ပါပြီ.....

"ငါတို့အ​ကြောင်း​တေ ​ဖေ​ဖေ နဲ့​မေ​မေ သိသွားပြီ"

ရှင်း ထင်​​နေတဲ့အတိုင်းဖြစ်​လာပြီ​ပေါ့...

"ဘာဖြစ်​လဲ သိသွားလဲ ငါသွားဝန်​ခံမယ်​ ပြီးရင်​ မင်းနဲ့လက်​ထက်​မယ်​ကွာ..."

"ရူး​နေလား ရှင်း ရယ်​ ...
အာ့​လောက်​လွယ်​မယ်​လို့ မင်းထင်​​နေလား.."

"မလွယ်​မှန်းငါသိတယ်​ ဒါ​ပေမဲ့ ငါကြိုးစားမယ်​ကွာ..."

"အခု ငါ​ပြောမှာ​တေ​သေချာနား​ထောင်​ ရှင်း..
ငါကို ဟိုးရက်​တုန်းက ​​မေ​မေက ​နောက်​လထဲ သိမ့်​ထက်​နဲ့ ​စေ့စပ်​ရဖို့​ပြောလာတယ်​...​ကျောင်း​ပြီးမှ လက်​ထက်​ဖို့ လုပ်​ထားတဲ့ ကိစ္စက ရုတ်​တရက်​ အမြန်​ဖြစ်​လာလို့ ငါလက်​မခံနိုင်​လွန်းလို့ အာ့လို မလုပ်​ချင်​ဘူး လို့ ​မေ​မေကို ​ပြောခဲ့တယ်​ ..တဆက်​ထဲပဲ ငါသိမ့်​ထက်​ကို လက်​မထက်​နိုင်​တဲ့ အ​ကြောင်းလဲ ​ပြောလိုက်​တယ်​ ..​မေ​မေက လက်​မခံဘူး..ခန​နေ​တော့ ​ဖေ​ဖေ​ရောက်​လာပြီး ငါသိမ့်​ထက်​ကို လက်​မထက်​ချင်​တာ မင်း​ကြောင့်​လားလို့ ​မေးလာတယ်​..............

flashback start

ရှင်းခန့်​ပိုင်​ ​ကြောင့်​လား"

ရှင်း နာမယ်​ပါလာရတာ​ကြောင့်​ ချက်​ချင်း ဦးထင်​ရှား ဆီကို ဆက်​ လှမ်းကြည့်​မိလိုက်​တယ်​..

SERVANT Where stories live. Discover now