Ep-(44)

16.6K 1K 30
                                    

"နည်းနည်းပါးပါး ဂရုစိုက်​မှ​ပေါ့ ဘာ​ဆေးမှမလိမ်းထားဘူးလား.."

"မင်းလိမ်း​ပေးမယ်​မလား အာ့​ကြောင့်​ မလိမ်းထားဘူး​လေ...ဟဲ ...ဟဲ.."

ကိုယ်​က​တော့ စိတ်​ပူ​နေရတာကို သူက ​ပြောင်​စပ်​စပ်​နဲ့ ​ပြော​နေနိုင်​​သေးတယ်​။

"အာ့ဆိုလဲ ဒါစားပြီးရင်​ ငါ​ဆေးထည့်​​ပေးမယ်​.."

ခေါက်​ဆွဲပြုတ်​ စား​နေကြတုန်း ဆက်​ဧကရာဇ်​ ဖုန်းအသံမြည်​လာတယ်​ ..။ ဆက်​ က ဖုန်းကို vibrate လုပ်​ထားလိုက်​တယ်​..။ဖုန်းက အသံမကြားရ​တော့​ပေမဲ့​လဲ vibrate ​ကြောင့်​ ဖုန်းလာ​နေ​သေးတာကို သိ​နေရပါတယ်​။

"ဆက်​ ဖုန်းလာ​နေတာ ကိုင်​လိုက်​​လေ ..ဆက်​တိုက်​​ခေါ်​နေတာ အ​ရေးကြီးတယ်​ ထင်​တယ်​"

"သိမ့်​ထက်​​ခေါ်​နေတာ စကားမ​ပြောချင်​လို့ မကိုင်​ချင်​ဘူး..."

ခေါက်​ဆွဲပြုတ်​ အစားမပျက်​ပဲ ​အေး​ဆေးစွာပင်​ ဆက်​ က ပြန်​​ပြောလာတယ်​။

"​သြော်​......ဒါနဲ့ မင်းအိမ်​မပြန်​ဘူးလား..."

"ဟင့်​အင်း ​​မေ​မေကို ဖုန်းဆက်​ထားတယ်​ သူငယ်​ချင်း အိမ်​မှာ သုံး​လေးရက်​ ​နေမယ်​လို့ ..."

အပူအပင်​မရှိ ​ပေါ့​ပေါ့တန်​တန်​ ပင်​​ပြောလာတဲ့ ဆက်​ ကို ကြည့်​ပြီး ရှင်း က​တော့ အာ့လိုမ​နေနိုင်​ပါ....တစ်​ချို့​သော အ​တွေး​တေက ​ခေါင်းထဲဝင်​​ရောက်​လာလို့ သက်​ပြင်းတစ်​ခုသာ ရှင်းခန့်​ပိုင်​ ချမိ​တော့တယ်​..။

"ဘာ​တေသက်​ပြင်းချ​နေတာလဲ....မင်း ..ဘာ​တေ​တွေး​နေမလဲ ငါသိတယ်​...."

"တကယ်​သိလို့လား..."

"​ဖေ​ဖေ နဲ့​မေ​မေ သိသွားမှာ​ကြောက်​​နေတာမလား...."

လက်​ထဲမှာကိုင်​ထားတဲ့ ဇွန်းကို ပန်းကန်​ထဲအသာပြန်​ထည့်​ထားပြီး ဆက်​ ရဲ့ လက်​​ကို ရှင်း က ဆုပ်​ကိုင်​ထားလိုက်​တယ်​။

"မင်းမိဘ​တေ သိသွားမှာထက်​ ..မင်းမိဘ​တေ ငါတို့နှစ်​​ယောက်​ ကိုခွဲမှာကို ပို​ကြောက်​တာ ဆက်​..ရဲ့"

SERVANT Where stories live. Discover now