Ep-(47)

16.3K 952 39
                                    

"တစ်​ပတ်​ တစ်​ပတ်​အတွင်းဟုတ်​လား ​ဖေ​ဖေတို့လုပ်​​နေတာ​တေက အဓိပ္ပါယ်​ ရှိ​ကြ​သေးရဲ့လားဗျာ...."

"ငါတို့က ဦး​နှောက်ရှိတယ်​ ..မင်းလိုမဟုတ်​ဘူး...မင်း ဘာမှအထွန့်​တက်​ဖို့​တေမစဉ်​စားနဲ့ ဘာအကြံမှလဲ ထုတ်​ဖို့ စိတ်​မကူးနဲ့ ..တစ်​ပတ်​အတွင်း မင်းသိမ့်​ထက်​နဲ့ လက်​ထက်​ရမယ်​ဆိုတာကိုသာ ​ခေါင်းထဲထည့်​ထား..."

ဧည့်​ခန်းထဲ​၌ မိသားစုသုံးဦး ဆုံကာ လာမဲ့ တနင်္ဂ​နွေ ​နေ့မှာ ဆက်​ဧကရာဇ်​ နဲ့ သိမ့်​သဒ္ဒါထက်​ အတွက်​ မင်္ဂလာပွဲအ​ကြောင်း ​ပြော​နေကြတယ်​။ဦးထင်​ရှားနဲ့ ​ဒေါ်လင်းစန္ဒာ တို့က​တော့ သားဖြစ်​သူ ဆက်​ဧကရာဇ်​ ကို ဘာမှကို​ရွေးချယ်​စဉ်းစားခွင့်​မ​ပေး​တော့ပဲ အတင်းအကျပ်​စီစဉ်​​နေကြတယ်​။

"ရှင်း ဆီ မသွားရဘူးဆိုလို့ မသွားပဲ ​နေပြီးပြီ​လေ ..​အေး​ဆေးတစ်​​ယောက်​ထဲ​နေပါရ​စေ သိမ့်​ထက်​နဲ့ လက်​မထက်​မပါရ​စေနဲ့ ..."

ဆက်​ဧကရာဇ်​ ဘယ်​​လောက်​ပဲ​တောင်းဆို​နေပါ​စေ အရာအားလုံး က​နောက်​ကျ​သွားပါပြီ။

"နင့်​ပါးစပ်​ ကိုပိတ်​ထား ဧကရာဇ်​ ငါတို့ မင်္ဂလာ ပွဲအတွက်​ အစစအရာရာ ပြင်​ဆင်​ပြီးပြီ စီစဉ်​ပြီးပြီ ဖိတ်​စာ​တေလဲ အကုန်​လိုက်​​ဝေပြီးပြီး ဒီမှာ နင်​လဲ ကိုယ့်​ဖိတ်​စာ ကိုယ်​ဖတ်​ကြည့်​ထား​ပေါ့..."

ဒေါ်လင်းစန္ဒာ က မင်္ဂလာ​ဆောင်​ဖိတ်​စာ​လေးငါးခုကို စားပွဲ​ပေါ်တင်​​ပေးလိုက်​တယ်​။
ငွေ​ရောင်​စက္ကူ​ရဲ့ အ​ပေါ်​ထောင့်​စွန်း​လေးမှာ မြင်​​နေရတဲ့ ​မောင်​ဆက်​ဧကရာဇ်​ နှင့်​ မသိမ့်​သဒ္ဒါထက်​ ဆိုတဲ့ နာမယ်​ နှစ်​ခုကို အထင်းသားမြင်​​နေရတယ်​။

ဘာ​တေဖြစ်​ကုန်​တာလဲ...
နားမလည်​နိုင်​​တော့ဘူး .....
အာ့​လောက်​ထိမြန်​ဆန်​လွန်းဖို့ လိုအပ်​လို့လား..

"မတရားလိုက်​ကြတာဗျာ....ကိုယ့်​သားသမီးရဲ့ ဆန္ဒ ကို နည်းနည်း​လေး​တောင်​ မ​မေးကြ​တော့ဘူးလား..."

"မင်းဆန္ဒ​တေက​ရော လူအများလက်​ခံနိုင်​စရာရှိလို့လား...ရှင်းခန့်​ပိုင်​ အ​ပေါ် မင်းစိတ်​လုံးဝပျက်​သွား​အောင်​ သူ့ကိုမင်း​မေ့သွား​အောင်​ ငါတို့ သိမ့်​ထက်​နဲ့ အမြန်​စီစဉ်​ရမှာပဲ..."

SERVANT Where stories live. Discover now