Ep-(14)

20K 1.2K 12
                                    

ရှင်း ကိုသွား​ခေါ်​နေပြီး​နောက်​ နှစ်​ဖက်​မိဘ​တေရဲ့ စကား​တေက ဆက်​နဲ့သိမ့်​ထက်​ အနာဂတ်​ အ​ကြောင်း​တေချည်းပဲ.........

ဟုကဲ့ အင်း ဆိုတာ​တေကို ထပ်​ခါထပ်​ခါ​ပြော​နေရတာ ငြီး​ငွေ့လာပြီ....
အမြဲတမ်းအလိုလိုက်​​ပေးခဲ့တယ်​...
အမြဲတမ်းလိုချင်​တာရခဲ့တယ်​....
အမြဲတမ်းဖြစ်​ချင်​တာဖြစ်​ခွင့်​ရခဲ့တယ်​...

ဆက်​ ဘ၀အတွက်​ ဘယ်​လို လိုအင်​မှုမျိုးမဆို..
ဖြည့်​ဆည်း​ပေးခဲ့တဲ့ နားလည်​​ပေးခဲ့တဲ့ ​ဖေ​ဖေနဲ့​မေ​မေ ကို စိတ်​မဆင်းရဲ​စေချင်​တာ ဆက်​ ရဲ့ ဆန္ဒ ပါ..........

သိမ့်​ထက်​နဲ့ အနာဂတ်​ အတွက်​ အားတက်​သ​ရော ဖြစ်​​နေတဲ့ မိဘ​တေရဲ့ ပီတိကို ...
ဘယ်​လိုသတ္တိနဲ့ ငြင်းရပါ့မလဲ....

သိမ့်​ထက်​နဲ့ ဆက်​ ရဲ့ ​ရှေ့အနာဂတ်​ တစ်​ခုက ..
ဆက်​အနားက တစ်​စုံတစ်​ခု ကို အ​ဝေးတစ်​​နေရာ ကို ပို့​နေတယ်​လို့ဘာလို့ ခံစား​နေရတာလဲ..

"​မေ​မေ သား​လေးကလဲ သိမ့်​ထက်​​လေးကို ဂရုစိုက်​ ရမယ်​​နော်​ သိမ့်​ထက်​​လေးကလွဲလို့ ဘယ်​သူမှ ​ချွေးမ မ​တော်​ချင်​ဘူး​နော်​"

အခုချိန်​မှာ စိတ်​​တေ​ယောက်​ယက်​ခက်​​နေရ​ပေမဲ့ ​နောင်​တစ်​ချိန်​အတွက်​ အ​တွေးကို ခနရပ်​တန့်​ပြီး ​မေ​မေ အတွက်​ ၀မ်းသာရမဲ့ စကားတစ်​ခုပဲ ပြန်​​ပြော​ပေး​စေချင်​တယ်​....

စိုးရိမ်​မှု​တေနဲ့​မျှော်​လင့်​​နေတဲ့ သိမ့်​ထက်​ အတွက်​လဲ အပြုံး​တေနဲ့ တုံ့ပြန်​လာလိမ့်​မယ်​လို့ ဆက်​ ထင်​မိသားပါ.....

"ဟုကဲ့ စိတ်​မပူပါနဲ့  ကျွန်​​တော်​ သိမ့်​ထက်​ကိုပဲ ဂရုစိုက်​ပြီး သူ့ကိုပဲလက်​ထက်​မှာပါ"

ဆက်​ ရဲ့ စကားတစ်​ခွန်းက ဧည့်​ခန်းထဲမှာ ရှိ​နေတဲ့ လူအများစုကို အ​ပျော်​​တေ​ပေးနိုင်​ခဲ့​ပေမဲ့..
တစ်​စုံတစ်​​ယောက်​ အတွက်​ နာကျင်​​စေရမယ်​ ဆိုတာ သိခဲ့ရင်​..ဆက်​ ​ပြောခဲ့ပါ့မလား.....

"ဆရာ သား​လေးရှင်းခန့်​က ​ဆေး​သောက်​ပြီးအိပ်​​နေတယ်​"

SERVANT Where stories live. Discover now