Ep-(22)

17.6K 1.1K 9
                                    

"လက်​ကအနာရှိန်​​ကြောင့်​ ဖျားတာပါ..ဘာ​ဆေးမှလဲမ​သောက်​ထား​တော့ ပိုဆိုးသွားတာ ပြီး​တော့ အဖျားရှိ​နေတာကို မသိပဲ ​ရေချိုးလိုက်​တာ​ကြောင့်​လဲ ပါမယ်​..အခု​ဆေး​တေ​ပေးခဲ့မယ်​ ၀င်​​အောင်​တိုက်​လိုက်​ပါ..ဆရာ ​ဆေးလဲထိုး​ပေးခဲ့တယ်​..."

ဆရာဝန်​ မှာသမျှကို ဦးစိုးပိုင်​ ​သေချာနား​ထောင်​​နေတယ်​။ရှင်း က​တော့ ပြတင်း​ပေါက်​ အပြင်​ကို ​ငေး​နေလျက်​ပါပဲ အချိန်​က မနက်​ 6နာရီ ရှိ​နေပြီ။

ဦးစိုးပိုင်​ လဲ ဆရာဝန်​ကိုလိုက်​ပို့​ပေးပြီး အခန်းထဲပြန်​၀င်​လာ​တော့ မှိုင်​​နေတဲ့ ရှင်း ကို ကြည့်​ပြီး သက်​ပြင်းချရပြန်​တယ်​။ဧကရာဇ်​ အ​ပေါ် ဘာလို့အာ့​လောက်​ သံ​ယောဇဉ်​ ကြီး​နေရတာလဲ ဦးစိုးပိုင်​ နားမလည်​ခဲ့ပါ။

"သားရှင်းခန့်​ ထမင်းက​တော့စားလို့မရ​သေးဘူး မုန့်​နဲနဲစားပြီး ​ဆေး​သောက်​လိုက်​ဦး"

ဦးစိုးပိုင်​ ကို​တောင်​လှည့်​မကြည့်​ပဲ ပြတင်း​ပေါက်​ ကို​ငေး​နေလျက်​ပဲ ရှင်း ပြန်​​ဖြေလိုက်​တယ်​.

"ဆက်​ လာမှ ​သောက်​မယ်​.."

"​အေးပါကွာ မင်း အကို​လေးက ခန​နေရင်​ ​ရောက်​​တော့မှာ အခု​ဆေး​သောက်​ထားနှင့်​လေ"

"ဗျာ တ တကယ်​ ​ပြောတာလား"

ချက်​ချင်း အ​ရောင်​​ပြောင်းသွားတဲ့ မျက်​၀န်း ​တေက ​တောက်​ပလျက်​ ....

"ဟုတယ်​ မင်းအကို​လေး က မင်းကို သံ​ယောဇဉ်​ ရှိပါတယ်​ ဟိုအိမ်​က​နေ မနက်​ငါးနာရီထဲက ထလာတယ်​တဲ့ ခန​နေ​ရောက်​​တော့မှာ ...."

"ဟီး ဟုတ်​ကဲ့ သူ​ရောက်​မှပဲ ​ဆေး​သောက်​​တော့မယ်​"

"သူ့ အကို​လေး လာမယ်​ လဲ ဆို​ရော မျက်​နှာကချက်​ချင်း လန်းလာပါလား အာ့ဆို ငါအလုပ်​သွား​တော့မယ်​​နော်​.."

"ဟုတ်​ကဲ့"

ဦးစိုးပိုင်​ လဲအခန်းထဲကထွက်​သွားပြီး​တော့..အခန်းထဲ၌ ချစ်​ရသူကို ​စောင့်​​မျှော်​ရင်း ကျန်​​နေခဲ့တဲ့ ရှင်း ရင်​ထဲမှာ ကြည်​နူး​နေရပါတယ်​.....

SERVANT Where stories live. Discover now