Ep-1

57.6K 2.2K 9
                                    

ကျွန်​​တော်​အခုပထမဆုံးတက်​ရမဲ့ တက္ကသိုလ်​ ကိုသွားဖို့ပြင်​ဆင်​​နေတာပါ ကျွန်​​တော်​ဘ၀ကြီးက လို​လေ​သေးမရှိ ​တောင့်​တတိုင်းရနိုင်​တဲ့ ဘ၀ကြီးကို ရထားလို့ကျွန်​​တော်​ အပြည့်​အ၀ ​ကျေနပ်​မိတယ်​ သိပ်​ကိုချမ်းသာတဲ့ ​​ဖေ​ဖေ ဦးထင်​ရှား နဲ့ ​မေ​မေ ​ဒေါ်လင်းစန္ဒာတို့ရဲ့ တစ်​ဦးတည်း​သောသား ကျွန်​​တော်​ ဆက်​ဧကရာဇ်​ က ပစ္စည်း ဥစ္စာ ၊ဂုဏ်​ ၊အဆင့်​အတန်း၊ ပိုက်​ဆံ​တေနဲ့ ပဲ ပြည့်​စုံတယ်​လို့ထင်​​နေလား မဟုတ်​​သေးဘူး ​နော်​......

ဖေ​ဖေရဲ့ ကျက်​သ​ရေ ရှိပြီးခန့်​ညားလွန်းလှတဲ့ရုပ်​ရည်​ ​မေ​မေရဲ့ မဟာဆန်​ဆန်​​ချောလှလွန်းတဲ့ ရုပ်ရည် ပိုင်ရှင်​တေရဲ့ တစ်ဦး​တည်း​သွေးသား ကျွန်​​တော်​ က အရမ်းhandsome ဖြစ်​တာမျိုးမဟုပဲ သင့်​တင့်​သ​လောက်​ ခန့်​ညား​ချော​မောတဲ့အပြင်​ အရမ်း​တောင့်​တင်းလွန်းတဲ့ body structure မျိုးမရှိရင်​​တောင်​ ဘာဝတ်​၀တ်​လိုက်​ဖက်​​နေလွန်းတဲ့ ကြည့်​​ကောင်းလွန်းတဲ့ body မျိုးကို ကျွန်​​တော်​က ပိုင်​ထားရ​သေးတာ ... ......

တခါတ​လေ စဉ်းစားတယ်​ ငါ့အတွက်​လိုအပ်​တာတစွန်းတစမရှိရ​အောင်​ အရာရာ perfect ဖြစ်​လွန်း​နေတဲ့ ကိုယ့်​ကိုယ်​ကို အံ့သြလို့မဆုံးပါဘူး ..​ဒါနဲ့ အာ့လိုဘ၀မျိုးနဲ့​နေ​နေရလို့ ကျွန်​​တော် က ပျက်​စီး ​နေပြီး မိဘစကားနားမ​ထောင်​တဲ့ သားဆိုးလူမိုက်​တစ်​​ယောက်​လဲ မဟုဘူး​နော်​ တကယ်​ကို လိမ္မာ​ရေးခြားရှိပြီး စိတ်​​သ​ဘောထား​လေးပြည့်​ဝ အကြင်​နာတရားရှိတဲ့ လူသားတစ်​​ယောက်​ ......(တစ်စုံတစ်​​​ယောက်အတွက်​​တော့ မဟုတ်​​လောက်ဘူး​​ထင်​ပါတယ်​)

မိဘ​တေရဲ့ အလိုလိုက်​ ၊ဂရုစိုက်​မှု ​လဲအပြည့်​အ၀ရထားတယ်​ ။တချို့လုပ်​ငန်းရှင်​မိဘ​တေက အလုပ်​မှာအာရုံစိုက်​ရတာများလို့ သားသမီးကိုအချိန်​မ​ပေးနိုင်​ဘူးဆိုတာ ဆက်​ဧကရာဇ်​ ဆိုတဲ့ ကျွန်​​တော် ဆီမှာ မရှိဘူး ။မိဘရဲ့ ​နွေး​ထွေးမှု​တေကို ပိုင်​ဆိုင်​ရထားပြီးသား ကျွန်​​တော်​ဘ၀ရဲ့ ​ရှေ့​ဆောင်​လမ်းပြ​တေဖြစ်​တဲ့ ​ဖေ​ဖေနဲ့​မေ​မေကို အရမ်းလဲချစ်​တယ်​၊ အရမ်းလဲ​ကျေးဇူးတင်​ပါတယ်​ ။ဒီလိုဘ၀မျိုးနဲ့ ဒီမိသားစု​လေးမှာ သား ဆက်​ဧကရာဇ်​ ​လေးကို လက်​ခံ​ပေးခဲ့လို့ ဒါ​ပေမဲ့ အာ့​လောက်​ပြီးပြည့်​စုံမှုအပြင်​ ကျွန်​​တော်​ရခဲ့သမျှ​လက်​​ဆောင်​​တေထဲက အနှစ်​သက်​ဆုံးလက်​​ဆောင်​တစ်​ခုရှိ​သေးတယ်​ ကျွန်​​တော်​အတွက်​အာ့လက်​​ဆောင်​က ​ဖေ​ဖေနဲ့​မေ​မေ ​ပေးဖူးသမျှထဲမှာ တန်​ဖိုးအရှိဆုံးပဲ .......

SERVANT Where stories live. Discover now