Nevermore 14

940 97 10
                                    


အားရုံစူးစိုက်မှုတိုင်းမှာ စုကျုံ့နေတတ်တဲ့
မျက်ခုံးတန်းထူထူတစ်စုံဟာ ထိလုလု....

တစ်စုံတစ်ရာကို စိတ်ဝင်တစား မေးမြန်း ပြောဆိုနေ
သည့် နှုတ်ခမ်းပါးပါးသေးသေးတွေဟာ
အနည်းငယ်စုချွန်သယောင်...

နားနဲ့ အနီးဆုံးမှာ ရှိနေသည့်
Phoneရဲ့ screenနဲ့ ကပ်လျက်ရှိနေတဲ့...
Sharp jaw line...

Phoneကို အလိုက်သင့် ဆုပ်ကိုင်ထားတဲ့
လက်ချောင်းသွယ်သွယ်များ...
လက်ဖမိုးကနေ လက်ဖျံတစ်လျှောက်ထိ
သွေးကြောစိမ်းစိမ်းတွေနဲ့ မွေးညှင်းတစ်ချို့...

...အစိတ်အပိုင်းတစ်ခုချင်းစီ zoom ဆွဲ ချဲ့ ပြီး
ကြည့်နေရာမှ screen ကို ပုံမှန်အနေအထား
ပြန်ဖြစ်စေသည့်အခါ...

မြင်လွှာထဲ အပြည့် အဝ နေရာယူသည့်
သုံးချိုးတစ်ချိုး အနေအထား
ဖုန်းပြောနေဟန်ပုံရိပ်တစ်ခု...

အိမ်နေရင်း ချည်သားရှပ်ပွပွ တစ်ထည် နဲ့တောင်
Smartကျ နေဆဲ အသွင်...

လက်ချောင်းတွေနဲ့ တွန်းရွှေ့ရင်း နောက်ထပ် ပုံရိပ်တွေဆီ အာရုံဖြန့်ဖြစ်သည်...

ရိုက်ချက်တွေ
အနေအထားမတူ သော်ညား..
Objectဟာ...တစ်ခုတည်း...

Hun....

ကလေးဆန်မှန်းသိပေမယ့်... Hunရဲ့
လှုပ်ရှားမှုန်သမျှ ကို အခြေအနေ ပေးရင် ပေးသလို
တိတ်
တိတ်လေး သိမ်းဆည်းတတ်သည့် အကျင့်ကို
တမင်မွေးယူထားခဲ့သည်..

..မေ့ပစ်မယ်လို့ ကြွေးကြော်ပြီးတိုင်း..
နောက်တစ်နေ့တောင် မကူးသေးခင်
တစ်အိမ်တည်းမှာပဲ အတူနေသည့်သူကို
သေမလိုတွေ လွမ်းမိတဲ့အခါ
ဒီလို ပုံလေးတွေကသာ အသက်ရှုချောင်စေသည့်
ကုထုံးတစ်ခု....

"ချစ်တယ်"

ရက်ပေါင်းရာနဲ့ချီခဲ့တဲ့ အတူနေသက်တမ်း အတောအတွင်း ဘယ်တုန်းကမှ မပြောဖြစ်ခဲ့တဲ့
စကား...

အတိတ်က တစ်စုံတစ်ယောက်ကို
အနည်းငယ်ဝန်တိုစိတ်နဲ့....
ငါ့ရဲ့နှလုံးသား ငါ့ရဲ့အချစ်ဟာ အဦးဆုံး ဆိုတဲ့နေရာနဲ့ပဲ
ထိုက်တန်တယ်ဆိုတဲ့ ခပ်လွဲလွဲမာနကြောင့်...
လည်ချောင်းဝကနေ အပြင်ထွက်ခွင့်မပေးခဲ့တဲ့
ခံစားချက်....

Nevermore ...နောင်ဘယ်တော့မှ..Where stories live. Discover now