မြင်ကွင်းထဲရောက်လာခဲ့တာ..
ကြယ်ပုံလေးတွေပါတဲ့ဘောင်နဲ့ကွတ်ထားတဲ့
Photo stand လေး...Jun့ အနားမှာ စောင့်ပေးခဲ့တဲ့ အရင်ညတွေတုန်းက မတွေ့ဖြစ်ခဲ့...
ဘာရယ်မဟုတ်သေချာ အနီးကပ်ယူကြည့်မိတော့
မွေးနေ့ရှင်ဖြစ်ဟန်တူတဲ့ Junအသေးစားလေးက
မျက်နှာပေါ်မှာ creamတွေ အဖွေးသားနဲ့ပြုံးရယ်လို့...သုံးနှစ်သာသာအရွယ် လောက်ပဲရှိလိမ့်အုံးမယ့် ဓာတ်ပုံထဲ Junဟာ အခုထိ ငယ်ရုပ်မပျောက်သေး...ဖြူစင်လွန်းလှတဲ့ ကလေးငယ်ကို ကံကြမ္မာဟာ ဘယ်လိုအငြိုးနဲ့များ..."Hunငယ်"
"Imm...ဟင်"
Photo stand ကို စားပွဲပေါ်နေရာတကျပြန်ချထားခဲ့ပြီး..ရေချိုးခန်းနဲ့တွဲလျက်လုပ်ပေးထားတဲ့ Toiletထဲက ထွက်လာတဲ့ Junကို တွဲကူလိုက်သည်...
"အိပ်တော့မလားJun"
အနည်းငယ်လှုပ်ရှားလိုက်ရုံနဲ့ မောဟိုက်လာတဲ့ Jun့ ကို နားခေါင်းဝနားဆီ Oxygenပြန်တပ်ပေးရင်း
မေးတော့ ခေါင်းညိတ်ဖြေသည်.."ဖက်ထားပေးမလား Hunငယ်..."
"ချမ်းနေလို့လား Jun လာလေ"
Junစကားကြောင့်..
တခြားသော အတွေးတွေ ခေါင်းထဲ ရောက်လာခဲ့ပေမယ့်...နောက်ထပ် Junရှေ့မှာ မျက်ရည်မကျစေရဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အတွေးဆိုးတွေကို ချက်ချင်းမေ့ပစ်မိသည်...အိပ်ရာပေါ်ဝင်လှဲရင်း လက်မောင်းတစ်ဖက်ဆန့်ပေးလိုက်တော့... Junက အသင့် ဆွဲယူကာ ခေါင်းအုံးလိုက်ပြီး ခါးကိုဖက်ရင်းမှီကပ်လာသည်...
"Hunငယ်.."
"အင်း..Jun"
"ချစ်တယ်"
လျော့တိလျော့ရဲ ပြုံးမိရင်း
နဖူးပြင်ဆီဖွဖွငုံ့နမ်းတော့ မျက်လွှာချပေးသွားသည့် Jun...."နားထောင်လို့ ကောင်းလိုက်တာ Junရယ်..
မနက်ဖြန်ကျရင်လဲ Junဆီက ချစ်တဲ့အကြောင်း ထပ်ကြားချင်တယ်..ပြောပေးမယ်မဟုတ်လား.."အဖြေစကားတစ်ခုအစား အားစိုက်ရှုနေတဲ့
အသက်ရှုသံပြင်းပြင်းကသာ တိတ်ဆိတ်လွန်းတဲ့အခန်းထဲ ကြီးစိုးလေသည်...တစ်စထက်တစ်စ ပိုတိုးပြီးဆိုးဝါးလွန်းလာတဲ့ Jun
အခြေအနေကို လစ်လျူရှုပြီး နောင်ဆိုတာအတွက်
ကျွန်တော် လောဘတက်ခွင့်ပြုပါ...
YOU ARE READING
Nevermore ...နောင်ဘယ်တော့မှ..
Fanfictionကတိပေးတယ်...ငါ Hunငယ် ကို နောင်ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး