Nevermore 12

1K 109 22
                                    


မျက်ဝန်းထောင့်ကစိုစွတ်မှုတွေကို လက်ခုံနဲ့ ဖိပွတ်ပစ်လိုက်သည်....

ယောကျ်ားလေးတန်မဲ့ မျက်ရည်ကျခဲ့ရတာ ရှက်သလို.....လစ်လျူရှုခံ လိုက်ရတော့ ရင်နာရပြန်သည်...

ပြုံးလိုက်တိုင်း နှလုံးသားတစ်ခုလုံးကို နွေးထွေးစေတတ်တဲ့ သူဟာ တကယ့်လက်တွေ့မှာတော့...

"ခင်ဗျား..အကြင်နာတရားမရှိတဲ့လူ..."

Fall in love with first sight ဆိုတာကို
ပက်ပက်စက်စက် လှောင်ရယ်ခဲ့ဖူးပေမယ့်...

ကိုယ်တိုင် ကြုံရသည့်အခါ ရယ်ရခက်ငိုရခက်စွာ..မလွှဲ မရှောင်သာ လက်ခံခဲ့ရသည်...

"ကျွန်တော် က ခင်ဗျားကို မုန်းစရာကောင်းတဲ့ ခင်ဗျားကိုမှ အကြောင်းပြချက်မရှိချစ်မိသွားခဲ့တာ..."

ဒီမြေပေါ်ခြေချဖို့ ဆုံးဖြတ်လက်ခံလိုက်ကတည်းက
...အဆုံးမရှိနိုင်တဲ့ မှားယွင်းမှုတစ်ခု စတင်ခဲ့ခြင်း..

အဲ့ဒီအချိန်ကသာ ရှေ့ကိုကြိုမြင်နိုင်ခဲ့ရင် နောက်ပြန်လှည့်ကောင်းလှည့်နိုင်လိမ့်အုံးမယ့်
နှလုံးသားဟာ...
မသိလိုက်ခင်မှာတင် တဖြည်းဖြည်းနယ်ကျွံခဲ့ပြီထင်သည်....

ကံကြွေးတစ်ခုလိုပဲ....လူကဲခတ်ညံ့တဲ့ ကျွန်တော်က ခင်ဗျားနဲ့ကျမှ အလိုလိုခံစားမိနေတဲ့ ခင်ဗျားရင်ထဲက တစ်ခြားတစ်ယောက်....
အလိုလိုဖတ်တတ်လာခဲ့တဲ့
မျက်ဝန်းအရိပ်အယောင်တွေ...

"ပေါ်တင်တွဲကြတာမဟုတ်တော့ ဘယ်သူမှန်းမသိလိုက်ကြပေမယ့်..CEOက သူ ့ အချစ်ဦးကို သိပ်ချစ်တာလို့တော့ကြားဖူးတယ်.."

စကားစပ်မိတုန်း ပြောပြလာတဲ့ မန်နေဂျာ ChanSue Hyungဆီက စကား...

ခင်ဗျားနဲ့ ဘာဆိုဘာမွ မသက်ဆိုင်တဲ့ အရပ် မျက်နှာက ကျွန်တော့်အတွက်....မနာလိုခွင့်....မေ့ပစ်ပေးဖို့တောင်းဆိုခွင့်မရှိခဲ့ ပေမယ့်....

ပြဲ မစ ခင် ကတည်းက အရှုံးတစ်ခုကိုတော့ ကံတရားက ရက်ရက်ရောရော ချပေးသွားခဲ့တယ်....

ဒုတိယ..ဆိုတဲ့အရာပေါ့.....

ဒုတိယ...

ပထမ ဆိုတဲ့ အရာနဲ့ သိပ်ကို နီးစပ်လွန်းပေမယ့်

Nevermore ...ေနာင္ဘယ္ေတာ့မွ..Where stories live. Discover now