Nevermore. 2

1.8K 165 21
                                    


"Junmyeon.."

မနက်စောစောမြည်လာ bellသံ ကြောင့်
အိပ်မှုန်စုန်မွှားနဲ့ တံခါးသွားဖွင့်ချိန် မြင်လိုက်ရတဲ့သူက
..လက်ထဲမှာ ထမင်းဗူးလို ဗူးလေးကိုင်လို့ရယ်...ဆံပင်ပွယောင်းယောင်းနဲ့ ကိုယ့်ပုံစံက သူ့အမြင်မှာဘယ်လို ဖြစ်နေမလဲ မသိပေမယ့်
သူကတော့ အိမ်နေရင်း ပေါ့ပေါ့ပါးပါး hoddieတစ်ထည်နဲ့ ပုံစံလေးကတောင် သပ်သပ်ရပ်ရပ်ရှိလှသည်...

"Oh Sehun အိမ်ရှေ့ကအိမ်ကို
ညကပြောင်းလာတာပါ....အိမ်သစ်ပြောင်းတဲ့အထိန်း
အမှတ်နဲ့... "

လက်ထဲက ဗူးလေးကိုလှမ်းပေးရင်း ပြောတော့
ညက ညဥ့်နက်မှ ပစ္စည်တွေပြောင်းရွေ့ နေကြတာကို
သတိရမိသည်...ဆိတ်ငြိမ်ရပ်ကွက်ထဲက တစ်ခြားအိမ်တွေနဲ့
ခြားနားစွာ ခရမ်းဖြော့ဖြော့ လေးခြယ်ထားတဲ့
အိမ်လေးက Junmyeon ပိုင်တာတဲ့လား..

"လာလေ..အိမ်ထဲ ခဏ ဝင်ပါအုံး.."

လက်ထဲက ဗူးကိုလှမ်းယူရင်း လောကွတ်ပြုတော့
ခေါင်းတစ်ချက်ညိတ်ကာဖြေရင်း ကိုယ့်နောက်ကနေအိမ်ထဲ လိုက်ဝင်လေသည်...

"ရေညှိထမင်းလိပ်ပါ...မာမား က ကျန်တာတွေထက်
ရေညှိထမင်းလိပ် ကိုပိုပြီး အရသာ ရှိအောင်လုပ်တတ်တာမို့ ဒါပဲလုပ်ပြီးလာပို့လိုက်တာ..."

"Aww..Junmyeonက အမေနဲ့အတူနေတာပေါ့"

"မာမားက တစ်ခါတစ်လေမှ လာနေတတ်တာပါ"

"Aww"

"ဒါဆိုရင်..သွားလိုက်ပါအုံးမယ်.. နေ့လည်
ရှုတင် ချိန်နီးတော့မှပြန်တွေ့ကြတာပေါ့...Oh Sehunပင်ပန်းနေတယ်ထင်လို့ ဖျက်လို့မရတာတွေ ကလွဲရင် ကျန်တဲ့ schedule တွေ ဒီနေ့နားထားပေးပါတယ်"

နှုတ်ဆက်စကားဆိုရင်း ထိုင်ရာက နေထရပ်လိုက်တော့
ကိုယ်လဲရောယောင်ပြီးရပ်လိုက်မိသည်...
သုံးနှုန်းသွားတာ ကိုယ့်ရဲ့နာမည် ပေမယ့်
စိမ်းသက်သလိုခံစားချက်ဖြစ်တည်သွားခြင်းကို
ဘဝင်မကျလှ....

"Junmyeon"

ခြေနှစ်လှမ်းစာလောက်ကိုယ့်ရှေ့ရောက်နေရာက
ပြန်စောင်းငဲ့ကြည့်ချိန် မြင်လိုက်ရတဲ့ သုံးချိုးတစ်ချိုး
အနေအထားမျက်နှာ ဟာ မှန်ပြတင်းကိုဖြတ်လာတဲ့ မနက်ခင်းနေရောင်ခြည် အကူအညီကြောင့် Golden ratioနဲ့
အတိအကျ ရေးဆွဲထားတဲ့ ရွှေအချိုးကျပန်ချီကားတစ်ချပ်လို..

Nevermore ...နောင်ဘယ်တော့မှ..Where stories live. Discover now