Nevermore. 6

1.3K 143 35
                                    

ဒီနေ့ဆိုရင် Junဆေးရုံတက်တာသုံးရက်မြောက်နေ့..
ပိုဆိုးမလာပေမယ့် ထူးထူးခြားခြား တိုးတက်သက်သာ
လာခြင်းမရှိတဲ့ Jun....
နေ့တိုင်းလိုလို ရှိသမျှလူတွေနဲ့ အတိုက်အခံလုပ်ကာ
အလုပ်တွေ ပစ်ထားခဲ့ပြီး Junအနားကို ရ ရင် ရသလို
ပြေးလာခဲ့သည်...

ဘယ်လိုအဝတ်အစားမျိုးနဲ့ မဆို လိုက်ဖက်တဲ့Junဟာ
ဖြူလွလွ ဆေးရုံဝတ်စုံနဲ့ တော့ မလိုက်ဖက်...

လက်ဖျံဆီ က အကြောထဲစိုက်သွင်းထားတဲ့ အပ်ငယ် ....တစ်စက်တစ်စက်ကျနေတဲ့
ဆေးရည်ပုလင်း...wire ကြိုးပေါင်းများစွာသွယ်ယှက်နေတဲ့ စက်တွေ...Junနှလုံးခုန်သံအတိုင်း ပြောင်းလဲနေတဲ့ Monitorပေါ်က ကိန်းဂဏန်း တွေ....
နှာခေါင်းနားက Oxygenပိုက်ငယ်...

..ဘာတွေဖြစ်နေခဲ့တာလဲ Junရယ်...

မေးတိုင်းစကားလမ်းကြောင်းလွှဲသွားတတ်တာ ဒီနေ့အထိ....
အခုလဲ TV ကလာတဲ့ အစီအစဉ်တစ်ခုကို စိတ်ဝင်စားဟန်ပြကာ စကားတစ်ခွန်းမှ မဆို...

"Jun..."

အာရုံစိုက်မှုရဖို့ရာကြိုးစားမိသည်....

"ဘယ်တော့လောက်ဆေးရုံ ဆင်းရမယ်တဲ့လဲ..."

ကိုယ့်ဆီ ခဏရောက်လာခဲ့တဲ့ မျက်ဝန်းတွေ TV ဆီပြန်ရောက်သွားခဲ့ရင်း...

"မသိဘူး...နောက်နှစ်ရက်လောက်နေရအုံးမှာလားပဲ"

ထိုင်ရာကနေ ထရပ်တော့ မော့ကြည့်လာပြန်သည်...

"Hunငယ် နေ့တိုင်းဒီကိုလာနေရင် အဆင်ပြေပါ့မလား..scheduleတွေ..."

"Junတကယ်အဆင်ပြေရဲ့လားဆိုတာ သိရဖို့က
..အဲ့ဒါတွေထက်ပိုအရေးကြီးတယ်"

ခုတင် ပေါ်တင်ပါးလွှဲဝင်ထိုင်ရင်း.. လက်ချင်းထပ်ဆုပ်မိတော့ ကိုယ့်လက်ဖဝါးအောက်က
လက်ချောင်း သေးသေးတွေဟာ အေးစက်ချောက်ကပ်နေသယောင်...

"ကျွန်တော်ကို တစ်ခုခုတော့ ပြောပါ Jun..."

သက်ပြင်းဖွဖွ... အဖြေစကားတစ်ခုခုအတွက်
Jun့ နှုတ်ခမ်းပါးတွေ အားယူလိုက်ချိန်...

တံခါးပွင့်သွားခြင်းနှင့်အတူ ..
အခန်းထဲဝင်လာတဲ့ Doctorနဲ့ Junရဲ့ မာမား..
မသိမသာရုန်းလေတဲ့ Junလက်ကို လွှတ်ပေးလိုက်ရသည်...

Nevermore ...နောင်ဘယ်တော့မှ..Onde histórias criam vida. Descubra agora