မျက်ရည်တွေအပြည့်နဲ့ ခံစားချက်တစ်စုံတစ်ရာ
ဖမ်းဆုပ်လို့မရနိုင်တဲ့ မျက်ဝန်းတွေ....တစ်ကိုယ်လုံးတုန်သွားစေတဲ့အထိ
အော်လိုက်မိ ကတည်းက မျက်တောင်မခတ်စတမ်း ကြည့်နေခဲ့တဲ့ မျက်ဝန်းတွေထဲက
မျက်ရည်တွေကို မမြင်နိုင်ခဲ့တာ ကိုယ့်သောကနဲ့ကိုယ်မို့်...."တောင်းပန်ပါတယ်...."
မရဲတရဲ ဆုပ်ကိုင်ထားမိတဲ့ လက်ဖမိုးတစ်ဖက်မှာ သွေးကြောထဲဖောက်ဝင်နေတဲ့ အပ်ငယ်....
မကြာခဏ ဆိုသလို ထိလွယ်ခိုက်လွယ်သည့်
ကောင်လေး....မွေ့ရာဖြူဖြူ ထက်ငြိမ်သက်လွန်းစွာ...
မေ့ဆေးအရှိန်မပြယ်သေးတဲ့ ချာတိတ်...
တစ်ခါတစ်ရံ ယောင်ယမ်းပြီး မျက်ရည်ကျတတ်တာကလွဲရင် ဘာတုန့်ပြန်မှုမှ မရှိသေး...မျက်လုံးတွေပြန်ဖွင့်မလာတော့မှာ စိုးရိမ်သလို....
နိုးထလာတဲ့အခါ ရင်ဆိုင်ရမယ့် မေးခွန်းတွေကို
ကြောက်သည်..."ကိုယ် တမင်ဖုံးကွယ်ထားခဲ့တာ မဟုတ်ဘူး...
ချာတိတ်... "ရည်ရွယ်ချက်ရှိရှိကျူး လွန်ခဲ့တာမဟုတ်ပေမယ့်
....ပြင်ဆင်ဖို့ မလွယ်ကူတဲ့....
...ပြင်လို့လဲမရနိုင်လောက်တဲ့ အမှားတချို့ ...
..ချာတိတ်ရော..ကိုယ်ရော ကျူးလွန်မိခဲ့ကြသည်......ကိုယ် ကိုယ်တိုင်မဖြေရှင်းရသေးခင်
ချာတိတ်သိသွားမှာ ကြောက်တဲ့စိတ်နဲ့.. ဆင်ခြင်နိုင်စွမ်းနည်းစွာ အော်ဟစ် ပစ်ခဲ့မိတဲ့ ကိုယ့်ရဲ့အမှား......ရှင်းပြခွင့်မပေးဘဲ. ..ခံစားချက်ကို ဦးစားပေးပြီး ရှောင်ပြေးခဲ့တဲ့ ချာတိတ်ရဲ့အမှား...
ထိုအရာတွေရဲ့ ရလဒ် အကျိုးဆက်အနေနဲ့....
ချာတိတ်ရဲ့ မျက်နှာ တစ်ခြမ်းပေါ်က ပတ်တီး
စဖြူဖြူတွေ..."မေ့ဆေးပေးပြီး တော့တောင် ချုပ်ခဲ့ရတဲ့ ဒဏ်ရာတွေမို့ အမာရွတ် မကျန်လောက်တဲ့အထိ အကောင်းပကတိပြန်ဖြစ်ဖို့တော့... ဆရာ အာမမခံနိုင်ဘူး..."
အဲ့ဒီစကားတွေ.. မင်းနိုးလာတဲ့အခါ...
ငါကိုယ်တိုင်ပြောပြရမယ်တဲ့လား ချာတိတ်...
YOU ARE READING
Nevermore ...နောင်ဘယ်တော့မှ..
Fanfictionကတိပေးတယ်...ငါ Hunငယ် ကို နောင်ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး