"ကျွန်တော့်ကို ချ စ်လား"မေးခဲ့တဲ့ မေးခွန်းသာ လေပြည်တွေနောက်ကောက်ကောက်ပါအောင် လွင့်တတ်ရင်..မိုင်တွေ တော်တော်ဝေးဝေး ရောက်လောက်ပြီပေါ့...
သို့သော်...
တစ်စုံတစ်ရာ တုန့်ပြန်သည့်အဖြေ မရှိ...
ခန့်မှန်းထားပြီးသားဖြစ်သော်ညား...
စိတ်မှတ်မရှိသော..နှလုံးသားရပ်ဝန်းက
အနည်းငယ်ဖျားနာ ပြန်လေသည်...မပီမပြင်အပြုံးနဲ့ စိတ်ဒဏ်ရာကို ဖုံးကွယ်ရင်း..
စောင်းငဲ့ကြည့်တော့ အားတုန့်အားနာသလိုလို
မျက်ဝန်းတွေနဲ့ ရင်ဆိုင်မိပြန်သည်...
"ရပါတယ်...သိပ်ခက်နေရင်.. မဖြေပါနဲ့.."
စကတည်းက ဖြစ်နိုင်ချေနည်းလွန်းတဲ့
အရာတစ်ခုကို..လောဘတက်မိသည်မဟုတ်လား..."ကိုယ်..."
"...."
"ချာတိတ်ကို မမုန်းပါဘူး..."
စိတ်မပါသော်ညား ရယ်လိုက်မိတဲ့
ကိုယ့်ရဲ့ ရယ်သံဟာ ခြောက်ကပ်ကပ်နိုင်လှသည်...ဘေးချင်းကပ်လျက်ကနေ ကြည့်လာတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်မသိသော်ညား ခံစားမိလျက်သား...
"မမုန်းဘူးဆိုတာ...ချစ်တာမှ မဟုတ်ဘဲ Hun.."
အဆင်မချောတဲ့ စကားတွေ ဖြစ်နေမလားတောင်မသိ...
ဝေဒနာအမျိုးစုံနဲ့ ခြေကုန်လက်ပန်းကျနေခဲ့တဲ့
နှလုံးသားဆီက လာခဲ့ရတဲ့ စကားလုံးတွေမို့
...နားဝင်ချိုနိုင်စရာတော့မရှိ...."မမုန်းဘူးဆိုတာ.. ချစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် လဲ သက်ရောက်ပါတယ်...ကျန်တာတွေ
တိတိကျကျ ကိုယ်ဘာမှ မပြောပြနိုင်သေးပေမယ့်...ချာတိတ် ကို ပျော်အောင်ထားပေးမယ်
လို့တော့ ကိုယ်ကတိပေးနိုင်တယ်...""ကောင်းပြီလေ..."
တွဲကြမယ် ဆိုတဲ့ ဆက်ဆံရေးဟာ
သူငယ်ချင်းမက...ချစ်သူလဲ မကျတဲ့
မတင်မကျအနေအထား....
ဒါပေမယ့်....လုပ်ကြည့်ကြတာပေါ့..."တစ်ခုတော့ရှိတယ်.. Hun..
အချ စ်ဆိုတာ သနားသဖြင့်ပေးလို့ရတဲ့ ပေးစာကမ်းစာ မဟုတ်ဘူး...နောင်တရစရာ တွေဖြစ်မလာသေးခင်... ခင်ဗျား နောက်ပြန်လှည့်ချင်ရင်
လှည့်ပါ...ကျွန်တော်ကတော့ နယ်ကျွံနေခဲ့ပြီမို့..ရှိစေတော့..."
YOU ARE READING
Nevermore ...နောင်ဘယ်တော့မှ..
Fanfictionကတိပေးတယ်...ငါ Hunငယ် ကို နောင်ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး