"ချစ်တယ်.. ကိုကို""ချစ်တယ် Babe...တစ်သက်လုံးအတွက်..."
အပြုံးနဲ့
မျက်လွှာချပေးသွားတဲ့နောက် အလိုက်သင့်တိုးကပ်သွားလိုက်သည်...ကိုယ်တိုင်မျက်လုံးတွေမှိတ်မပစ်ခင် နောက်ဆုံးမြင်လိုက်ရသည့် ရွှေအိုရောင်နှုတ်ခမ်းပါးတွေ
အစား...အာရုံထဲဝင်ရောက်လာသည်က...
မှဲ့နက်လေးတစ်လုံးနဲ့ ပန်းသွေးရောင် နူးညံ့မှု တစ်စုံတစ်ရာ...ကိုယ်မြတ်နိုးမိတဲ့ သိမ်မွေ့ခြင်းတစ်ခုကို ဘယ်အရာနဲ့မှ အစားမထိုးလိုတဲ့အခါ ပုခုံးတွေကနေဆုပ်ကိုင်ထားမိတဲ့ ခန္ဓာကိုယ်ကို ခပ်သာသာပြန်တွန်းပစ်ရင်း လူချင်းခွာလိုက်မိသည်....
"Cut....cut...ဘယ်လိုဖြစ်ပြန်တာလဲ"
တမင်ရည်ရွယ်ခြင်းမဟုတ်ပေမယ့်..
Sceneပျက်တာ ဒီတစ်ခါနဲ့ပါဆိုရင် သုံးကြိမ်မြောက်.....Directorလဲ သိပ်မကြည်တော့ပြီ..မတူမတန်သလိုဆက်ဆံတယ်လို့ အထင်ရှိသွားပုံရတဲ့..မင်းသမီးက တော့ ဆိုဖွယ်ရာမရှိ.."Sorry.. sorry..Soora...Directorရောပဲ ကျွန်တော်တောင်းပန်ပါတယ်... "
"ရပါတယ် အစတည်းက Sehunငြင်းတာကို..
အတင်းရိုက်ခိုင်းမိတာပဲ...ရတယ်.. editပဲသုံးကြတာပေါ့..."အဆင်ပြေပါတယ် ပြောပေမယ့်...Directorမျက်နှာကရှစ်ခေါက်ချိုး...Soora ကလဲ
ခေါင်းကိုက်တယ် အကြောင်းပြကာ ချက်ချင်းပြန်သွားလေသည်...seriesတစ်လျှောက်လုံးအဆင်ပြေခဲ့ပြီး..
Final partရဲ့ last scenes ကျမှ ကိုယ့်ကြောင့် အဖုအထစ်တွေဖြစ်ကုန်ရပေမယ့်
အားမနာနိုင်တော့ပေ....ဖြစ်ချင်ရာဖြစ်စေတော့
အခုရော..နောင်ရော..
အချစ်ဦး မဟုတ်သော တစ်ပါးသူထံ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ အနမ်းတွေနဲ့ မခစား နိုင်...***************
Stageပေါ်မှာပြောခဲ့တဲ့ စကားရဲ့အကျိုးဆက်အဖြစ်
နောက်နေ့တွေက စလို့ အခါတိုင်းထက် ပိုပြီး mediaတွေ
စိတ်ဝင်စားခြင်းခံရသလို...stalkerတွေရဲ့ရန်ကို ပိုပြီးသတိထားနေရပြီး.. ပါပါရာဇီတွေနဲ့ ထိပ်တိုက်မတွေ့ရေး ရှောင်နေရတော့သည်...ကိုယ်က mediaတွေကို အရေးစိုက်လို့မဟုတ်ပေမယ့် တစ်ခုခုအသံထွက်လာတာနဲ့အမျှ Jun ကခေါင်းခံ ဖြေရှင်းရမည့်အပြင်...Junကိုယ်တိုင်လဲmediaတွေရဲ့ပစ်မှတ်ဖြစ်နေတာ
ကြောင့် အနည်းငယ်ဆင်ခြင်နေခြင်းသာ....
YOU ARE READING
Nevermore ...နောင်ဘယ်တော့မှ..
Fanfictionကတိပေးတယ်...ငါ Hunငယ် ကို နောင်ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး