Nevermore.1

3.1K 203 20
                                    

ပူပူလောင်လောင်ရာသီဥတုထဲ မီးတွေမှန်တွေကြား
မိတ်ကပ်တွေလိမ်းထားရင်း
အလုပ်လုပ်ရတာ ချွေးပြိုက်ပြိုက်ကျသည်..
အနားရတုန်းလေး ခုံပေါ်ခြေပစ်လက်ပစ်ထိုင်ချပြီး
အသင့်ချပေးထားတဲ့ ice coffee ကို တစ်ငုံသောက်လိုက်သည်...

ရာသီဥတု ပူမှန်းသိရက်သားနဲ့ ဒီအချိန်ကို မှ
Schedule ညှိပေးလိုက်တဲ့ တရားခံက
Note book တစ်အုပ်နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်လို့...
နောက်ထပ်Schedule တွေအတွက်ခေါင်းစားနေပုံရသူကို ကြည့်ရင်း
ညစ်ချင်တဲ့စိတ်က ချက်ချင်းဖြစ်သည်...
မဲ့ပြုံးတစ်ခုကျကျနနပြုံးရင်း လက်ထဲက ice coffee ဗူးကို အနည်းငယ် အလုပ်ပေးလိုက်သည်...

"ကျစ်...အာကွာ..."

"ဘယ်လိုဖြစ်တာလဲ Hunရယ်..
ပေစွန်းကုန်ပြီ"

ကိုယ့်ရဲ့ စိတ်ပျက်ညည်းညူသံကြောင့် makeup artist လဲ အပြေးအလွှားအနားရောက်လာသလို
...ရှေ့နားက မျက်လုံးတစ်စုံကလဲ ဒိုင်းကနဲ...

"ဘယ်လိုဖြစ်တာလဲ"

"Coffeeတွေမှောက်ကျသွားတာ..."

Cameraတွေကြားက
Director နဲ့ ကိုယ့်အနားကmakeup artist အပြန်အလှန်အော်ပြောနေကြတဲ့ ကြားမှာ
ကိုယ်ကတော့ အင်္ကျီ ပေါ်က Coffeeရောင်
အစွန်းကွက်ကို ကြည့်တစ်ချက်ကြည့်ကာ ဖုန်းထုတ်ပြီး ဘာတွေပြောနေမှန်းမသိသည့်တစ်စုံတစ်ယောက်ဆီကိုသာ အာရုံစိုက်နေမိသည်...

"ဒီ Scene ကပြတ်သေးတာမဟုတ်ဘူး..
အခု အဝတ်တွေစွန်းကုန်တော့ ဘယ်လိုလုပ်ကြမတုန်း...Junmyeonရေ လာပါအုံးခဏ.."

အနားဘယ်အချိန်ရောက်လာမှန်းမသိတဲ့ Directorက
သူဘာသာ ည ည်းငြူသလိုပြောနေရင်းက
စစ်ကူခေါ်လေသည်...

"ဒီscene အတွက် အဝတ်အစားတွေက အခုလိုဖြစ်ကုန်ပြီ..ဘယ်လိုလုပ်ကြမလဲ.."

"နောက် တစ်scene ပြောင်းရိုက်ရင်ရော..."

"ကျွန်တော် Dialogue တွေကျက်မလာဘူးနော်..
အဆင်သင့်မဖြစ်သေးဘူး..."

ကြိုတွေးထားပြီးသားအခြေအနေမို့ ရှေ့ဆက်မရအောင်
တားပစ်လိုက်သည်...ရှင်းစမ်းပါ..ဒီကိစ္စကို.. ရှုတင်ဖျက်ရုံအပြင်မရှိတာ သိရဲ့သားနဲ့....

Nevermore ...နောင်ဘယ်တော့မှ..Where stories live. Discover now