Junအနားမှာနေခွင့်ရဖို့..အကန့်အသတ်မရှိနားပစ်
ခဲ့တဲ့ scheduleတွေအတွက်.. ရှင်းရတဲ့ ပြဿနာပေါင်းများစွာ...ကြီးကြီးကျယ်ကျယ် လူသိရှင်ကြားမဖြစ်ခဲ့တာ Daddyရဲ့ အကူအညီ...
Daddyရဲ့ အရှိန်အဝါ တွေကြောင့်.....Junဆီက လဲ ဆူပူခံရပေမယ့်...ရက်ပိုင်းလောက်နေတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်လား မောသွားသည်လား မသိပေမယ့်.. အဲဒီအကြောင်းနဲ့ပတ်သက်လို့ ဘာမှမပြောတော့...
လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေ...
စတေးပစ်လိုက်တဲ့အောင်မြင်မှု အချို့အတွက်
နောက်တဆိုတာ ဆံချည်တစ်မျှင်စာတောင်မရှိ...
.
.
."Jun"
"အာ....Hunငယ်..ငါစောင့်နေတာ"
ကိုယ့်ကိုမြင်လိုက်တာနဲ့ လှဲနေရာက ထိုင်ရန်ပြင်တဲ့
Junကို ထူမတ်ဖို့ပြင်တော့...."ရတယ် Hunငယ်"
မာန်သာရှိပေမယ့်.. ခပ်ပျော့ပျော့ကိုယ်လုံးလေးက
တားနေတဲ့ကြားက ဝင်ထိန်းပေးတဲ့လက်တွေထဲ
ခိုတွဲပါလာသည်...."အပြင်သွားရအောင်လေ Hunငယ်"
Oxygen လွတ်တာနဲ့ လူကောင်းလိုနေချင်ပြန်တဲ့
Junဟာ.. သိပ်ကိုစိတ်ဓာတ်မာလွန်းတာလား..."ဖြစ်ပါ့မလား..Junရာ"
"ဖြစ်ပါတယ် ..ဆရာ့ကိုလဲ ခွင့်တောင်းထားပြီးသား...
တစ်နာရီလောက်ပါပဲ.. ဒီအခန်းထဲမှာနေရတာမွန်းကျပ်လို့..."စိုးရိမ်ပေမယ့် Junက သိပ်ဆန္ဒပြင်းပြနေပုံရတော့
ခေါင်းညိတ်လိုက်ရသည်...
ဆေးရုံအဝတ်အစားတွေပေါ် Long coatတစ်ထည် ထပ်ဝတ်ပေးကာ...လွတ်နေတဲ့လည်ပင်းသားတွေကို မာဖလာ အကူအညီနဲ့ ကာကွယ်လိုက်တော့ နွေးနွေးထွေးထွေး...."သွားစို့....Jun... ဘယ်ကိုသွားချင်လဲ"
"Dandelion တွေဆီ"
*****************
Dandelion.....
Jun...ပြောခဲ့ဖူးတဲ့.. Dandelionတွေမခြွေတတ်ခဲ့တဲ့အကြောင်းကို...
နောက်တစ်ကြိမ် ဒီနေရာကိုပြန်ရောက်ခဲ့တဲ့ အခါ
နားလည်တတ်စပြုသည်...."Sorry.. Hunငယ်.."
ဘယ်ဖက်ပုခုံးနားဘေးချင်းကပ်ဆီက
အေးစက်တိုးညင်တဲ့ စကားသံရဲ့ရည်ရွယ်ရာဟာ
ဘာမှန်းမသိ....မေးမြန်းလိုစိတ်နဲ့ ကြည့်မိတော့
..ကိုယ်ထက်အရင်ငေးနေတဲ့မျက်ဝန်းတွေနဲ့
တိုးသည်....
YOU ARE READING
Nevermore ...နောင်ဘယ်တော့မှ..
Fanfictionကတိပေးတယ်...ငါ Hunငယ် ကို နောင်ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး