Nevermore 13

1K 92 5
                                    


လေတစ်ချက်ဝေ့သွားတော့....
ပိုအေးစိမ့်သွားတာကြောင့် ပုခုံးနှစ်ဖက်ကိုကျုံ့လိုက် မိသည်... နှင်းတွေကလဲ ပတ်ဝန်းကျင်တစ်ခုလုံးပိန်းပိတ်အောင် ကျနေလိုက်တာများ ကမ်းမမြင်လမ်းမမြင်...
မရင်းနှီးတဲ့ ပတ်ဝန်းကျင်
လျှောက်နေကျမဟုတ်တဲ့ လမ်းတွေထက်မှာ
ခြေလှမ်းတွေက အလောသုံးဆယ်..
သွားချင်းရိုက်သည်အထိ အေးစိမ့်နေတာကို သတိမပြုနိုင်သေး....

"Hunငယ်.."

ဒုတိယ အကြိမ်မြောက် လွင့်လာတဲ့ ခေါ်သံငယ်...
ဘယ်ဆီဘယ်ဝယ်က မှန်းအတပ်မသိ ဘဲ
အသံလာရာကို ရှာဖွေနေခဲ့တာ ခြေကုန်လက်ပန်း ကျလုပြီ...

"Jun.."

စမ်းတဝါးဝါး တုန့်ပြန်ရင်း
အမိန့် တစ်စုံတစ်ရာမပါဘဲ ခြေလှမ်းတွေ အလိုလိုရပ်တန့်မိသည်....

"Junလား...."

နားစွင့် ကြည့်တော့ ထပ်မကြားရပြန်တော့....
ပိုပြီး သိပ်သည်းလာတဲ့ နှင်းထုတွေကြားအာရုံစိုက်တော့
တဖြည်းဖြည်း ထင်ရှားလာတဲ့ ခပ်ပါးပါး အရိပ်....

"Hunငယ်..."

"Jun..."

ရှပ်အဖြူလေးနဲ့ jun...ဆွတ်ဆွတ်ဖြူနေတဲ့ Junဟာ
အပြုံးလေးတွေထိ ဖြူဖြူစင်စင်...

"ကျွန်တော် သတိရနေခဲ့တာ Jun.."

တန်းလန်းချထားတဲ့ လက်တစ်ဖက်ဆီ... ရည်ရွယ်ပြီးလက်လှမ်းတော့.. Junခြေလှမ်း လှမ်းလိုက်တာလဲ မတွေ့ပါပဲ ကိုယ့်နဲ့ ပိုဝေးသွားခဲ့သည်...လေပြည်နဲ့ လွင့်ပါသွားတဲ့ ပဝါဖြူတစ်စလို....

နောက်တစ်လှမ်းထပ်လှမ်းတော့ ကိုယ်ထက်ပိုတဲ့ အလျင်နဲ့ Jun ဟာ တဖြည်းဖြည်းဝေးသွားခဲ့သည်...

တတ်နိုင်သမျှ ခြေလှမ်းတွေ ချဲ ပြီး အပြေးတပိုင်း
လျှောက်နေပေမယ့် မှုန်ပြပြ အရိပ်ငယ်ဟာ မြင်ကွင်းထဲကနေ လုံးဝ ဝေးကွာပျောက်ကွယ်သွားခဲ့သည်....

"Hunငယ်.."

"Jun ...ဘယ်မှာလဲ..."

ခြေထောက်တွေ လေးလံလွန်း လာခဲ့ပြီး.. နေရာကနေထပ်ရွေ့လို့ မရတော့.... သိပ်မဝေးဘူးလို့ထင်ရတဲ့ ခေါ်သံဆီ သွားကြည့်ဖို့
စိတ်ဆန္ဒရှိသော်ညား နွမ်းနယ်နေသည့် ခန္ဓာကိုယ်က ခြေထောက်တစ်ဖက်တောင်ရွေ့ နိုင်စွမ်းမရှိတော့
......

Nevermore ...နောင်ဘယ်တော့မှ..Where stories live. Discover now