ပိတ်ပစ်လိုက်ပြီးတဲ့ အခန်းတံခါးကို ကျောပြင်နဲ့ ပြန်ကပ်မှီရင်း ဘယ်ဘက်ရင်ဘတ်နားက
အင်္ကျီ စကို ဆွဲ ဆုပ် ပစ်လိုက်မိသည်...ဘာလို့များ နာကျင်နေသေးတာလဲ နှလုံးသားရယ်
...မနာခံလွန်းတဲ့ မင်းအလိုကျ...ဦးနှောက်ကခွင့်ပြုပေးခဲ့တုန်းခဏမှာ...မင်းဆန္ဒတစ်ခုကို ချပြခဲ့ပြီးပြီပဲ....ခေါင်းအသာမော့ရင်း... တစ်ဖျတ်ဖျတ်ခတ်ပစ်လိုက်တဲ့
မျက်တောင်တွေကြားမှာ...
မျက်ရည်ကြည်တချို့ အငွေ့ပျံသွားခဲ့သည်...ပါးပြင်တွေ မစိုစွတ်ခဲ့သော်ညား..နှလုံးသားတဝိုက်မှာ
တော့ အိုင်ထွန်းသွားခဲ့ပေလိမ့်မည်...
အသံတိတ်ကျတဲ့ မျက်ရည်ဆိုတာ ...
အငြိုးနဲ့ရွာတဲ့မိုးလိုပဲမဟုတ်လား...
သိပ်သိပ်သည်းသည်းစွေ နေတတ်ပြီး.
ိတိတ် စေဖို့ ခဲယဉ်းသည့် အမျိုး...📲📲📲Remember love u...I love U📲📲📲
သာမန်ထက်ပိုတိတ်ဆိတ်လွန်းတဲ့ အိမ်ရယ်မို့..
ရုတ်ရက်ထမည်တဲ့ ဖုန်းသံဟာ လိုတာထက်ပိုပြီး ကျယ်လောင် နေခဲ့သည်..
လင်းနေခဲ့တဲ့ screen ပေါ်မှာတော့
လပေါင်းများစွာ...အတိအကျဆိုလျှင်.. တစ်နှစ်ကျော်.အဆက်အသွယ် မရှိခဲ့သည့် Contact တစ်ခု...ဆက်သွယ်လာဖို့ မမျှော်လင့်သော်ညား..ဖျက်ပစ်
်ရန်လဲ မရည်ရွယ်ခဲ့သည့် contact...."Hello!"
"အိမ်ပြန်လာခဲ့တော့ ကလေး.."
"မာမီ.."
"အဲ့ဒီအလုပ်ကိုစွန့် လွှတ်ပြီး မာမီ့ဆီပြန်လာခဲ့..သားကို ပစ်ထားခဲ့တဲ့ မာမီ့တို့ အပြစ်ကိုလဲ
ခွင့်လွှတ်ပေး...မာမီတို့ကို ခြေစုန်ကန်ခဲ့တဲ့ သားကိုလဲ နားလည်ပေးမယ်..
အဲ့ဒါကြောင့် ပြန်လာခဲ့တော့"အကြာကြီးနေမှ ပြန်ကြားခွင့်ရခဲ့တဲ့
မာမီ့အသံဟာ နွေးထွေးလွန်းမက နွေးထွေးနေခဲ့သည်....
တကယ်ဆို...မာမီနဲ့ ဒယ်ဒီ့ကို ဆန့်ကျင်ပြီး
ဒီလမ်းကို ရွေးခဲ့တာ က ကိုယ်...
မိသားစုနဲ့ ဝါသနာ ယှဉ်လာတဲ့အခါ..
အချိန်တန်ရင် အရာရာပြေလည်သွားလိမ့်မယ်
ဆိုတဲ့အတွေးနဲ့ ဝါသနာဖက်ကို အလေးပေးခဲ့သည်..အဲ့ဒီတုန်းက တွေးခဲ့သလို အချိန်တန်ရင်ဆိုတာမျိုး
အခု ဖြစ်လာခဲ့ပေမယ့်.....
YOU ARE READING
Nevermore ...နောင်ဘယ်တော့မှ..
Fanfictionကတိပေးတယ်...ငါ Hunငယ် ကို နောင်ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး