အသဲလေး [ Extra ]

7.6K 386 45
                                    

" သိလား..ကိုကို..ကျွန်တော်..အခု နည်းနည်း..
ဟင့်အင်း..အများကြီးပျော်နေမိတယ်.."

"အင်း..ကိုကိုလဲ....ပျော်နေတယ်..."

"ကျွန်တော် တို့ ...ဒီ ကားပေါ်က ဆင်းပြီး..အဲ့ဒီ
အဆောက်အ အုံထဲ ၀င်သွားတဲ့ အချိန်ကျရင်
သူတို့က..ကျွန်တော်တို့ နှစ်ယောက်ထက်..
ပို ပျော်မယ် ဆိုတာ..ကျွန်တော် ကျိန်ပြောရဲတယ်..ကိုကို...."

ဦးတည် ရာ နေရာကို..ရောက်ရှိခဲ့ပေမယ့်..
ကားပေါ်က မဆင်းသေးပဲ..အရှေ့တူရု ဆီက...
အဆောက်အအုံကို...ကြည့်မိတော့...
ဝင်ထွက် သွားလာသူများနဲ့..တော်တော့်ကို...
စည်ကားနေသည်....။

နှစ် ကာလ ကြာညောင်းနေပြီ ဖြစ်ပေမယ့်လို့..
ဒီလို အချိန်မျိုးတွေမှာ...ဟိုးအရင် ပျိုမျစ်စဉ်တုန်းကလို..ခံစားချက်များက..
မပျောက်ကွယ် သေးတာမို့...
ဘေးနားမှာ..ထိုင်နေသည့်...Hyun ရော...
ကျွန်တော်ပါ....ရင်ခုန်ခြင်းတွေထဲ..
စီးမြောနေရသည်....။

ပြီးတော့....ထို ရင်ခုန်မှုတွေ ထဲမှာ...
စိုးရိမ်မှု အနည်းငယ် ပါ..ကပ်ညိနေမိသည်...။

သူတို့တစ်တွေ...Park Chan Yeol နဲ့..
Byun Baekhyun ဆိုသည့်..
လူသားနှစ်ယောက်၏ ဖြစ်တည်မှုကို..
အသိအမှတ် ပြု ကြပါဦးမလားလေ...။

"အနည်းဆုံးတော့..သူတို့တစ်တွေ..
ကျွန်တော်တို့ နှစ်ယောက်ကို..
မျှော်နေကြမှာ..သေချာပါတယ်..ကိုကိုရယ်...

ကျွန်တော့် လက်ဖမိုးကို..အသာဆုပ်ကိုင်ကာ..
အပြုံးနုနု လေးတွေ နဲ့...နစ်သိမ့်အားပေးနေပါသော..
Hyun သည်..ကျွန်တော့် ရင်ထဲ မှာ..အပူလှိုင်းလုံးငယ်လေး..ဖြစ်တည် နေတာ
ကို...သိရှိပုံပင်....။
ကျွန်တော့်ရဲ့ အရိပ်အကဲကို ..သိတတ်လွန်းသော...
ချစ်သူ လေးကြောင့်....
အပူ လှိုင်းလုံးငယ်လေး..အနည်းငယ်တော့..
လျော့ကျ သွားရသည်...။

ဟုတ်ပါရဲ့လေ...။

ကျွန်တော်...ဘာတွေကိုများ စိုးရိမ်ပူပန်နေမိတာလဲ...။

ကျွန်တော်တို့နှစ်ယောက်အပေါ်..ရစ်တွယ်ထားသည့်..
သူတို့တစ်တွေရဲ့..သံယောဇဉ်..
သူတို့တစ်တွေရဲ့...ချစ်ခင်မှု...
သူတို့တစ်တွေရဲ့..မြတ်နိုးမှု ဆိုတာက...
အချိန်ဆိုသည့်..သက်မဲ့ အရာ တစ်ခုကြောင့်..
ပျက်စီးယိုယွင်းသွားမည် တဲ့လား.....။

You've reached the end of published parts.

⏰ Last updated: Mar 03, 2018 ⏰

Add this story to your Library to get notified about new parts!

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now