အသဲလေး ၁၇

5.5K 439 19
                                    

" နေပါ ဦး..သူတို့က ဒီပုံတွေကို ဘယ်လို ဖြစ်ပြီး ရိုက်နိုင်သွားတာလဲ.."

Su Ho hyung လက်ထဲ က ဖုန်းကို ယူကြည့် မိသောအခါ ဟိုနေ့တွေတုန်းက ကမ်းခြေမှာ အပန်းဖြေနေကြသည့် ကျွန်တော်တို့ တစ်တွေ ရဲ့ ဓာတ်ပုံများ..။

အထူးသဖြင့် ၁၂ ယောက်ရှိသည့်အထဲမှာမှ
ကျွန်တော်နဲ့ Hyun ကိုသာ အဓိက ထား၍ ရိုက်ယုထားသော ပုံများ ဖြစ်နေသည် ...။

အဲ့ဒီ ခရီးစဉ်က ကင်မရာ ရိုက်ယူခွင့်ပေးမထားတဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အသားပေးထားတယ် လို့
Su Ho hyung ကိုယ်တိုင် ပြောခဲ့တာပဲ..။

ပြီးတော့ ခရီးစဉ်တစ်လျှောက်လုံးမှာလဲ ပုံမှန်အချိန်တွေလို ကျွန်တော်တို့တွေ လက်မြှောက်တာ အစ ရေသောက်တာ အဆုံး လိုက်ရိုက်နေတဲ့ သူတွေ မရှိခဲ့တာ ကျွန်တော်တို့ မျက်မြင်လေ..။

ဒါကို ဘယ်လိုဖြစ်လို့ ဒီပုံတွေက ဘယ်ကထွက်လာတာလဲ..။

" ဘယ်လို ရသွားလဲ ဆိုတော့ ..
hyung အထင်ကတော့ ကမ်းခြေကို အပန်းလာဖြေတဲ့ လူ ဟန်ဆောင်..
hyung တို့နောက်ကို တစ်ကောက်ကောက်လိုက်ပြီး
သဲသောင်ပြင်မှာ မသိလိုက် မသိဘာသာ နေနေကြပြီး မထင်မှတ်တဲ့ ပုံစံတွေနဲ့ ရိုက်ယူ ထားတာ ဖြစ်မယ်.."

Yi Fan hyung က အဖြစ်နိုင်ဆုံးကို တွေးတွေးဆဆလေး ၀င်ပြောလာပေမယ့်
ကျွန်တော်ကတော့ သိပ်ပြီး လက်မခံချင်..။

"ဒါပေမယ့် ဒါက personal ကို ထိခိုက်တယ်လေ hyung တို့ရယ်.."

"တစ်ချို့ တွေရှိကြတာပေါ့ ငါ့ညီရယ်..
မင်းတို့ ငါတို့ကို ဘ၀တစ်ခုလို သခင်တစ်ပါးလို နေရာမှာထားပြီး တွယ်တာ နေကြတဲ့လူတွေ..
ပိုက်ဆံကို ရေလို သုံးနိုင်ပြီး ငါတို့ သွားရာနောက်တကောက်ကောက်လျှောက်
လိုက် ပြီး မှတ်တမ်းတင် နိုင်တဲ့လူတွေ..
အပြစ်မယူပါနဲ့ကွာ..သူတို့တစ်တွေလည်း ငါတို့ကို ချစ်လွန်းလို့သာ လုပ်ကြတာပါ..
အကုန်လုံးက ငါတို့ချစ်တဲ့ ငါတို့ကချစ်တဲ့ လူတွေပဲလေ ..နော်.."

အခန်းထဲ ၀င်လာကတည်းက ငြိမ်ငြိမ်လေးသာ ထိုင်နေခဲ့တဲ့..ပုံမှန်အချိန်ဆို
တစ်ခုခုကို ပွစိပွစိ ပြောနေလောက်မည့်
Su Ho hyung..

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now