အသဲလေး 1

30.1K 1.1K 5
                                    

*အဆင်ပြေပြေလုပ်နိုင်မှာပါ*

မှန်ထဲမှာ ပေါ်နေတဲ့
မိတ်ကပ်တွေအပြည့်
ခြယ်မှုန်းထားတဲ့ ကိုယ့်မျက်နှာလှလှကို ပြန်ကြည့်ရင်း Chan Yeol အားတင်းနေမိသည်..

ဒီနေ့က သူတို့ အဖွဲ့..

အင်း..ဘာအဖွဲ့လဲ အတိအကျ ပြောရရင်တော့
လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်ကမှ debut ထားတဲ့
male idol အဖွဲ့တစ်ခု..

entertainment က စင်တင်ပေးခဲ့တာ
အချိန် တစ်ခဏလေးပဲ ရှိသေးပေမယ့်
ဘုရားသခင်က
Chan Yeolတို့ အဖွဲ့က member တစ်ယောက်ချင်းစီအပေါ်မှာ
ကံကောင်းခြင်းတွေ စုပုံ ချီးမြှောက်ထားသလားအောက်မေ့ရအောင်
ဒုတိယမြောက် သီချင်း Music Video
ထွက်အပြီးမှာတင်
Fan တွေကြားမှာ
Cloud 9 ဆိုတဲ့ နာမည်က
အရမ်းကို ထင်ပေါ်ကျော်ကြားခဲ့တာ..

တစ်ကမ္ဘာလုံးက fan girl တွေကြားထဲ
အခုဆို
Cloud 9 က တော်တော့်ကို ရေပန်းစားနေပြီ..

ချောမောတဲ့ ရုပ်ရည် ..
ကျွမ်းကျင် လှသော တစ်ယောက်ချင်းစီရဲ့
ဂီတ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ..
ပြီးတော့..
တစ်ယောက်ချင်းစီရဲ့
ကံကောင်းမှုတွေ ပေါင်းစပ်ထားတဲ့နောက်မှာ
Cloud 9 ဆိုတဲ့ member 9ယောက် နဲ့
ဖွဲ့စည်းထားတဲ့ အဖွဲ့ဟာ
K pop industry ရဲ့
မျိုးဆက်သစ်တစ်ခုလို့တောင် တချို့ တချို့တွေပြောနေကြပြီလေ..

ဒီနေ့ ကတော့
Cloud 9ရဲ့
ပထမဆုံး solo concert နေ့..

ဒီအတောအတွင်း
အပင်ပန်းခံပြီး လက်မလျှော့တမ်းကြိုးစားလာခဲ့တဲ့
trainee ကာလတွေ..

အရေအတွက်နည်းပါးလှတဲ့
Fan တွေသာ လာခဲ့တဲ့
fansign တွေ ကနေ
တဖြည်းဖြည်း လူဦးရေ များပြားလာတဲ့
fanmeeting တွေ...

Kpopလောကမှာ

အောင်မြင်ပြီးသား
အောင်မြင်နေတဲ့ အဖွဲ့တွေကြားထဲ
တိုးပေါက်ဖို့ ကြိုးစားခဲ့ရတာတွေ..

တကယ့်ကို အများကြီး..
အများကြီး Chan Yeolတို့
member 9ယောက်
တစ်ယောက်လက် တစ်ယောက်ခပ်တင်းတင်းတွဲ ရင်း
ရင်ဆိုင် ဖြတ်သန်းလာခဲ့ရသည်..

အဲ့သည်လို အောက်ခြေမှာ
အားတင်းဖြတ်သန်းလာပြီး
နောက်ဆုံး နေရာတစ်နေရာ ရလာခဲ့ပြီဖြစ်ပေမယ့်
ဒီနေ့လို
ကိုယ့် အဖွဲ့ရဲ့ Fan ပေါင်းမြောက်များစွာ
လာရောက်အားပေးကြတဲ့
ပွဲမှာ ကိုယ့်ဘက်က အမှားအယွင်းမရှိ
ဖျော်ဖြေနိုင်ဖို့
အတတ်နိုင်ဆုံးလဲ လေ့ကျင့် ပြင်ဆင်ပြီးကြပြီဖြစ်ပေမယ့်

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now