အသဲလေး ၂၂

5.2K 398 7
                                    

သီချင်းသံတွေ ရပ်ဆိုင်းသွားတဲ့
အချိန် အခိုက်အတန့်မှာ
ကျွန်တော်
ရောက်ရာ နေရာမှာပဲ
ရပ်နေလိုက်သည်..။

ပြောရမယ် ဆိုရင် ကလေးဘ၀တုန်းက
ကစားခဲ့ကြတဲ့ ရုပ်ရှင်.. ရုပ်သေ..
ကစားနည်းလေး လိုမျိုး
Cloud 9 mem..တွေ အကုန်
ကိုယ့်ထောင့်နဲ့ကိုယ်
ကိုယ်စီကိုယ်စီ မလှုပ်မယှက်ရပ်နေလိုက်ကြသည်..။

ဒီ အခိုက်အတန့်လေးမှာ လှုပ်ရှားသက်ဝင်နေတာ
ဆိုလို့
စင်အောက်က အဖြူရောင်
အလင်းပိုင်ရှင်လေးတွေရဲ့ ဟစ်ကြွေးနေသံတွေရယ်..။

ပြီးတော့
သူတို့လေးတွေရဲ့ ဟစ်ကြွေးသံတွေကို
ခြံရံပြီး နောက်ထပ် လှုပ်ရှားနေတဲ့
တစ်ယောက်တည်းသောသူက
ကျွန်တော်တို့ အငယ်ဆုံးလေး
Se Hunee..။

ဒီသီချင်းလေးရဲ့ ထုံးစံကိုက
သီချင်းအလယ်ရောက်ရင်
အချိန် အတိုင်းအတာ နည်းနည်းလောက်အထိ
Se Hun တစ်ယောက်တည်းကိုပဲ
လှုပ်ရှားခွင့်ပေးထားသည့်
အားလုံး ပျော်ရွှင်ကြရတဲ့
အခိုက်အတန့်လေး တစ်ခုဆိုတော့..။

ကမ္ဘာအနှံ့ ပြုလုပ်လာခဲ့တဲ့
concert တိုင်းမှာ
ဒီအခိုက်အတန့်လေး
ရောက်လာပြီ ဆိုရင်
စင်အောက်က ကျွန်တော်တို့ သမီးတွေရော...
ကျွန်တော် တို့ကိုယ်တိုင်ပါ..
Se Hun ဖန်တီးမယ့်
အမှတ်တရ မှတ်တိုင်အသစ် တစ်ခုကို
ရင်ခုန်စွာ စောင့်ကြည့်ခဲ့ရမြဲသာ..။

အခုလဲ ဒီအတိုင်းပင်..။

သီချင်း ရပ်သွားခဲ့တော့
ကျွန်တော်ရောက်နေတဲ့
နေရာက စင်ရဲ့ ညာဘက်အစွန်ဆုံးမှာ ဖြစ်နေခဲ့သည်..။

အရင်ပွဲ တွေ တုန်းကအတိုင်း
Se Hun
ဘယ်သူနဲ့ ဘယ်သူ့ကို တွဲပေးမလဲဆိုတာ
လိုက်ကြည့်နေမိသည်..။

သူ့ ခြေလှမ်းတွေက
ကျွန်တော်နဲ့
တစ်ယောက်ကျော်မှာ နေရာယူထားသည့်
ကိုကို့ ကို ကျော်ဖြတ်လာကာ
ကျွန်တော့်ဘေးကပ်ရပ်က
Xiu Min hyung ဆီ ချဉ်းကပ်လာခဲ့သည်..။

အဲ့ဒီ အချိန်ခဏလေးမှာပဲ
Xiu Min hyung နဲ့
ဲ့ Jong Dae ကိုသာ
ရွေးချယ်လိုက်မယ်ဆိုရင်
သူတို့ရဲ့ Hard Core fan လေးတွေ အတွက်တော့
ပျော်ရွှင်စရာ ညချမ်းလေးတစ်ခု
ကို မှတ်တမ်းတင်ထားနိုင်တော့မည် ဆိုကာ
ဖြစ်လာနိုင်မည့် ပျော်ရွှင်ခြင်းတစ်ခုကို
စိတ်ကူးနဲ့ မှန်းမျှော်နေမိသည့်
ကျွန်တော်..။

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now