အသဲလေး ၁၆

5.6K 441 6
                                    

" စာရွက်ကို နှစ်ယောက်ကြားထဲ ပစ်ချမယ်..
အဲ့တာ ..စာရွက်ကို ပြုတ်မကျအောင် နှုတ်ခမ်းတွေနဲ့ ထိန်းပြီး ဟိုးကခုံပေါ်ထိသွားတင်ရမယ်..
လမ်းမှာ ကျတဲ့သူတွေက အရှုံး..
ဘယ်လိုလဲ ..?"

ကျွန်တော်တို့တစ်တွေ စုရပ်နေကြရာကနေ ခြေလှမ်း ၁၅ လှမ်းလောက် ဝေးသည့် နေရာတွင်ရှိနေသည့်
ကျွန်တော့်ခါးနေရာလောက် အမြင့်ရှိသော
မတ်တပ်ခုံလေးကို ညွှန်ပြရင်း Su Ho hyung က game ကို ဘယ်လိုဆော့ရမလဲ ဆိုတာ
အဆင့်လိုက်ရှင်းပြနေသည်..။

"hyung ကလဲ..ဒီစာရွက်ပါးပါးလေးကို
အဲ့ဒီအထိ သယ်သွားရမှာ လက်နဲ့လဲ မဟုတ်ဘူး..နှုတ်ခမ်းနဲ့ဟာကို
ခြေတစ်လှမ်းတောင်မလျှောက်ရပဲ အကုန်ပြုတ်ကျကုန်မှာပေါ့.."

ခေါင်းဆောင် စကားတစ်ခွန်းဆို တစ်ခွန်းအတွန့်တက်လျှာရှည်လေ့ရှိကြသည့်
Cloud 9 တို့ရဲ့ ထုံးစံအတိုင်း
ကျွန်တော့် ကိုကိုတစ်ယောက် hyungကို
ခုံတည်ရှိနေရာနဲ့ ကျွန်တော်တို့ရပ်နေရာကြား
အကွာအဝေးကို တိုင်းတာပြနေသည်လေ..။

ကျန်တဲ့လူတွေကလဲ ကျွန်တော့်ကိုကိုနည်းတူ တစ်ယောက်တစ်ပေါက်နဲ့ထင်မြင်ချက်ပေးနေ
ကြသည်...။

"မင်းတို့ကို တခါပဲ အခွင့်အရေးပေးမယ်လို့ ဘယ်သူပြောလို့လဲ..
ပထမတစ်ခါ စာရွက်ကို မမိလိုက်တာပဲဖြစ်ဖြစ်..
လမ်းမှာကျသွားလို့ပဲ ဖြစ်ဖြစ်..
ဒုတိယတစ်ခါ ပြန်လုပ်ခွင့်ပေးထားမယ်"

"အော်..အဲ့လိုလား..အဲ့တော့လဲ မဆိုးပါဘူး"

Su Ho hyung ကို အတွန့်တက်နေကြသည့်
ကျွန်တော်တို့တစ်တွေ ဟာ
Kris hyung ၀င်ရောက်ရှင်းပြလာတဲ့
game ရဲ့ အခွင့်အရေးတစ်ခုအကြောင်း
ထပ်ဆင့်သိလိုက်ကြရမှ ပဲ
game ဆော့ရန် အထမြောက်ဖို့ လမ်းကြောင်းပေါ်လုံးလုံးလျားလျား သဘောတူလိုက်ကြသည်..။

game ဆော့ကြရမယ်ဆိုတော့ ကျွန်တော်ထင်ခဲ့သလို ပြေးပြေးလွှားလွှား အားအင် သုံးရမယ့် ကစားနည်း မဟုတ်ပေမယ့်လို့ hyung တွေပြောလာတဲ့
ဒီနည်းလေးကလဲ မဆိုးရှာပါ..။

အစပိုင်းမှာ ကျွန်တော့်ကိုကို အပါအ၀င် တစ်ခြားလူတွေ သဘောမတူ ချင်ဖြစ်နေကြပေမယ့်လို့ ကျွန်တော်ကတော့
Su Ho hyung ရှင်းပြလိုက်ကတည်းက
ဒီနည်းလေးကို စိတ်ဝင်စားခဲ့သည်..။

ကိုကို့ အသဲလေး [ Completed ]Kde žijí příběhy. Začni objevovat