အသဲလေး ၁၅

6.2K 461 20
                                    

ညီညာပြန့်ပြူးနေသော သဲသောင်ပြင် အဆုံးသတ်ထားသည့် ကမ်းခြေ၏ အစပ်အနားသတ်ရှိရာဆီ တစ်ခါတစ်ခါ
ပင်လယ်ရေစက်များ ကမ်းကပ်လာကြသည်..။

မြို့ပြရဲ့အငွေ့အသက်များ အတန်ငယ်လျော့ပါးသည့် နေရာ မှာ ရောက်နေလို့လားတော့မသိ..
ကမ်းစပ်ကို လာကပ်ပြီး ချက်ချင်း ပြန်ပြန်ကျသွားသည့် ပင်လယ်ရေများ၏ တက်သံကျသံမှအပ ပတ်ဝန်းကျင်တွင်
တစ်ခြား အသံဗလံ များ တိတ်ဆိတ်လို့နေသည်..။

ဖြတ်လျှောက်လာခဲ့သည့် ကမ်းစပ်၏ ခရီးတစ်ဝက်လောက်အထိ မှာလည်း လူတစ်ယောက်စ နှစ်ယောက်စသာတွေ့ခဲ့ရသည်..။

အိပ်ရာဝင်ချိန်ရောက်နေပြီမို့လို့ အပြင်မထွက်ကြတော့တာ ထင်ပါရဲ့..။

ကျွန်တော်တို့ကတော့ မနက်ဖြန် ဆိုးလ်ကို ပြန်ရတော့မှာမို့ 'ဒီည ကိုယ်သွားချင်ရာ သွားကြ'ဆိုပြီး ခွင့်ပြုပေးလာတဲ့ Su Ho hyung ကြောင့် ကမ်းစပ်ဘက် ကို နှစ်ယောက်သား လမ်းလျှောက်ထွက်လာကြခြင်းဖြစ်သည်..။

အောက်ဘက် ကမ္ဘာမြေကြီးမှာတော့ အရာရာ တိတ်ဆိတ်လုနီးပါးဖြစ်နေပေမယ့်
အပေါ်ဘက် ကောင်းကင်ကြီးမှာတော့
ရာသီဥတု သာယာပြီး တိမ်မြူတွေကင်းစင်တဲ့ နေ့တစ်ရက်ရဲ့ ပြယုဂ်အဖြစ် နေ၀င်မိုးချုပ်လို့ ငှက်ငယ်လေးတွေ အိပ်တန်းတက်ချိန်ကို ကျော်လွန်ခဲ့တာတောင် ကြယ်တာရာလေးတွေ
တစ်လုံးနဲ့ တစ်လုံး အပြိုင်အဆိုင် လင်းတောက်နေကြသေးသည်...။

"အရင်ကတည်းက ကျွန်တော့်မှာ အိမ်မက်တစ်ခုရှိတယ် သိလား ကိုကို.."

ကောင်းကင်ကြီးရဲ့ အလှ ကို ကြည့်ရှုခံစားနေတုန်း
ကျွန်တော်နဲ့ တူတူလမ်းလျှောက်ထွက်လာတဲ့
ကျွန်တော်နံဘေးကပ်ရပ်ဆီက
ကျွန်တော့် အသည်းအသက်ကလေး က
အစပြုစကားပြောလာသည်..။

ကျွန်တော့် ဘာမှ တုံ့ပြန်စကား မဆိုတော့ပဲ
သူ့ အကျီင်္အိပ်ကပ်ထဲ သူ့လက်သူ့ဘာသူ ထည့်ထားလဲ ရပါရက်နဲ့ ကျွန်တော့်အပြင်ဝတ် ကုတ်အကျီင်္ိရှည်က အကျီင်္အိတ်ထောင်ထဲ သူ့လက်ကို တကူးတက လာထည့်ထားပြီး ကျွန်တော့်လက်ချောင်းတွေအောက်မှာ အနွေးဓာတ်လာခိုလှုံနေသော လက်သွယ်သွယ်လေးတွေကို တစ်ချက် ဖျစ်ညှစ်ပေးလိုက်သည်...။

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now