အသဲလေး ၁၉

6.1K 444 25
                                    

အမယ် စုံလင်လှသည့်..ဟင်းပွဲ
များ.. တင်ဆောင်ထားသည့်
ထမင်းစားပွဲခုံက ..ကျွန်တော့် ၀မ်းဗိုက်ထဲ
ဲမှာ
ပိုးမျိုးစုံကို ကခုန်စေရန်..စေစားနိုင်လွန်းသည်..။

အငွေ့တစ်ထောင်းထောင်း ..ထနေ
သည့် ..ဟင်းခွက်များကိုကြည့်ကာ..
ommaက...ကျွန်တော့်
အဖို့ ..
ကျွန်တော် ..ကြိုက်သည့် ဟင်းများကို
သီးသန့်ချက်ပေးထားသည်..ဆို
သော ..
အတွေးက..၀င်ရောက်လာခဲ့တော့
မွေးသမိခင်အပေါ်မှာ
ကျေးဇူးတင်စိတ် လေး ဖြစ်တည်လာခဲ့သည်..။

"ဖယ်..Baek ကလေး..omma သယ် လာခဲ့မယ်..သွား ထမင်းသွားစားနှင့်ချေ.."

ကျေးဇူးတင်စိတ်လေးကို..အရင်းတည်..
၍..အမေ ရှိရာ မျှော်ကြည့်လိုက်ပေမယ့်..
ကျွန်တော့်အမေကတော့
သူကိုယ်တိုင် ၀မ်းနဲ့ ..လွယ်မမွေးထားပေမယ့်
မေးကြည့်လျှင်..ကျွန်တော့်ထက်ပိုချစ်သည်..
ဟု..
အဖြေထွက်လာလောက်သည့် သူမ၏ ချစ်လှစွာသော..သားအချွဲတုံးလေး..
Byun Baek Hyun ..နဲ့..
နှစ်ယောက်တစ်ကမ္ဘာ
အလုပ်ရှုပ်နေကြလေရဲ့...။

ဟင်းချိုခွက်ကြီးကြီးကို..ထမင်းစားပွဲ
ဆီ
သယ်ယူရမည့်အရေး..ကို..
ကျွန်တော့်ကလေး လက်အပူလောင်မှာစိုးလို့..
သူပဲ သယ်ပါမည်ဆိုကာ
Hyun လက်ထဲက ဟင်းခွက်ကို..ဆွဲငင်ယူ
နေသည့် ကျွန်တော့်အမေ ..။

ကျွန်တော့်အသည်းအသက်လေး
ဆိုတာကလဲ..ကျွန်တော်သာ
ဘာမှ မကူညီပဲ..ဒီတိုင်း ခုံ
မှာ
အခန့်သား..၀င်ထိုင်နေပေမယ့်..
သူကတော့..ကျွန်တော့်အမေနဲ့ အစ်မ
ထမင်းပွဲ ပြင်နေတာကို ..
ဟို စပ်စပ် ..ဒီစပ်စပ်နဲ့
ဝင်ကူညီနေတာ..။

မျက်နှာမြင် ..ချစ်ခင်ပါ
စေ
ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်သူလေးမို့
ထင်ပါရဲ့..။
အမေနဲ့ အစ်မဆိုတာကလဲ
Byun Baek Hyun ဆိုတဲ့ နာမည်လေးကြားရုံနဲ့..ချစ်ပြီးသား
လူတွေဆိုတော့ကာ..ဟိုကလေးကို
ဝင်ကူခိုင်းတာက
နည်းနည်း..သူတို့ပဲ လုပ်လိုက်ကြတာက
များများရယ်..။

တစ်ကယ်ပြောလို့ပြောတာမဟုတ်..။
အဲ့ဒီ ဟာလေးကိုလေ..ကျန်တဲ့ အချိန်တွေကျရင် ..အရိုးထဲ အသားထဲ
ကကို..
တုန်တက်နေအောင် ချစ်ပါတယ်ဗျာ..။

ဒါပေမယ့်..အခုလို
သူကျွန်တော့်အိမ် လိုက်လာတဲ့..အချိန်မျိုးဆိုရင်တော့
နည်းနည်း အမြင်စောင်းချင်တယ်..တကယ်..။

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now