အသဲလေး ၂၅

5K 440 24
                                    

"ကိုကို..ဘာလုပ်နေလဲ..Hyun တော့ hotelရောက်နေပြီ.."

"ကိုကိုလဲ..ခုမှ Birthday ပွဲကနေ အိမ်ပြန်ရောက်တာ.."

"ဟွန်..Hyun လဲ ကိုကို့birthday ပွဲကို တက်ချင်တာကို"

airport မဆင်းခင်ကတည်းက
fan တွေနဲ့တူတူ လုပ်တဲ့
ကျွန်တော့်မွေးနေ့ပွဲကို သူလည်း လာချင်ကြောင်း တဖွဖွ ပြောနေခဲ့သူလေး...။

ကံမကောင်းစွာနဲ့ မနက်ဖြန် လုပ်မယ့်ပွဲတစ်ခုကို တက်ဖို့
သူရယ် Xiumin hyung ရယ်
Jong Daeရယ် သုံးယောက်သား
ဂျပန်ကို သွားရသည်လေ..။
အဲ့တော့ သူ့ခမျာ ကျွန်တော့်ရဲ့ အထိမ်းအမှတ်ပွဲလေးမှာ တူတူရှိမနေနိုင်ဘူးဆိုပြီး စိတ်မကောင်းဖြစ်နေလေရဲ့..။

သို့ပေမယ့် ဟိုနေ့ညကconcertမှာ
memeber တွေနဲ့တကွ
fan တွေ အရှေ့မှာ ကျွန်တော်မွေးနေ့ကိတ်ခွဲတုန်းက
ကျွန်တော့်မွေးနေ့ကို အားလုံးနဲ့အတူတူ
သူအပျော်ရွှင်ဆုံး ဆင်နွှဲပေးခဲ့သည်လေ...။

ဒီနေ့ အတူတူရှိမပေးနိုင်ပေမယ့်
အဲ့ဒီနေ့တုန်းက ရှိပေးခဲ့တာလေးနဲ့တင်...ကျွန်တော့်အတွက်
လုံလောက်ပါပြီ..။

"ဒီအချိန်မှာ ကိုကို့နားလေးမှာ ကပ်နေချင်တာကို..အခုတော့..အဲ့ပွဲ
အစုတ်ပလုတ်ကြီးကလဲ ဘာလို့မနက်ဖြန်လုပ်မှာလဲ မသိဘူး..
aishhh ..မုန်းလိုက်တာနော်.."

"ဟားဟား..ခင်ဗျားလေးရဲ့ သမီးတွေကတော့
ခင်ဗျား ကျွန်တော့်ကို birthday wish
လုပ်မပေးလို့ဆိုပြီး
အမျက်တော်ရှချင်ချင်ဖြစ်နေကြလေရဲ့..သိရဲ့လား..အဲ့တာ.."

"အခုတော့ ကိုကို ပြောပြလိုက်လို့
သူတို့ပျော်နေကြပြီမလား..
post update မလုပ်ပေမယ့်
မနေ့က ည၁၂နာရီ ၁ မိနစ်တိတိမှာ
ပထမဆုံး wish ပေးတဲ့ လူက ကျွန်တော်ဆိုတာကိုသိပြီးကြပြီမလား....ရပြီပေါ့ ..အာ့ဆို..
လူသိရှင်ကြားpostကြီး upပြီးတော့ ဘာလုပ်မှာလဲ..
နှစ်ယောက်ကြား တိုးတိုးတိတ်တိတ် wishပြီး
နှစ်ယောက်တည်းသိရမယ့်
အကြောင်းအရာတွေနဲ့ wish ပေးရင် ပြီးရောပေါ့..အဲ့သမီးတွေ ..တကယ်ပဲ..
IG မှာ မwishပေးတိုင်း..
ဘာလို့ငါက..ငါ့ကိုကိုကို မွေးနေ့ဆုတောင်းမပေးရမှာလဲ..ဂယ်ပဲ..ဒီ
ကလေးမတွေ ..မဟုတ်တာကို စိတ်ပူနေကြတယ်.."

ကိုကို့ အသဲလေး [ Completed ]Où les histoires vivent. Découvrez maintenant