အသဲလေး ၂၃

4.9K 399 21
                                    

"ကိုကို..ကျွန်တော်လဲ လိုက်ခဲ့မယ်လေ.."

"အာ..Hyun က Kyung Soo ဆီ သွားရမှာ မို့လား..မလိုက်နဲ့တော့လေ..
Jong Dae တို့ Xiu Min hyung တို့နဲ့နေခဲ့လေနော်..ကိုကို..မနက်စောစော ပြန်လာခဲ့မယ်.."

အစီအစဉ်အတိုင်းသာဆိုရင်
Kyung Soo ရဲ့ ရုပ်ရှင် premier ပွဲကို
သူနဲ့ တူတူ သွားဖို့ လုပ်ထားကြတာ..။

သို့ပေမယ့်လဲ..။

လွန်ခဲ့တဲ့ မိနစ်ပိုင်းအချို့က
အိမ်မှာ omma နေမကောင်းဖြစ်နေ
ကြောင်း ဖုန်းဆက်အကြောင်းကြားလာခဲ့တော့
Kyung Soo ဆီသွားမယ့်
အစီအစဉ်ကို ဖျက်လိုက်ရသည်..။

ထို့အတူပဲ
Hyun ကို Kyung Sooဆီ ၀င်ပို့ပေးခဲ့ကာ
omma ဆီ မြန်မြန်သွားဖို့ အစီအစဉ်ကဖြစ်လာခဲ့သည်..။

အဲ့တာကို ဒင်းလေးက သူပါ omma ဆီ လိုက်ပါရစေ ဆိုကာ
ခွင့်တောင်းနေပြန်သည်..။

"Kyung Soo မျှော်နေမှာပေါ့ ကလေးရဲ့..
ကိုကိုကလဲ မလာနိုင်တော့ဘူးဆိုတော့
သူ့ဆီပဲ သွားလိုက်လေ..
omma ဆီကို ဒီ တစ်ရက် နှစ်ရက်အတွင်း ထပ် သွားကြမယ်လေ..နော်..Hyun.."

ကျွန်တော် ခွင့်မပြု တော့လဲ သူ့ခမျာ
ခေါင်းလေးအသာ ငြိမ့်ကာသာ
ကျွန်တော့်အလိုကို လိုက်လျော ပေးသည်လေ..။

"အဲ့ဆို..omma ကိုပြောပေး..
မြန်မြန်နေကောင်းပါစေလို့..
Hyunee လေးက စတော်ဘယ်ရီတွေ လာယူဦးမှာ..မို့..နေကောင်းအောင်မြန်မြန်လုပ်ပါလို့.."

လက်ထဲက စားလက်စ စတော်ဘယ်ရီးသီးလေးကို
ယမ်းခါပြရင်း နဲ့
omma ဆီ အမှားတော်ပါးနေသော
ချစ်သူ..။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေ တုန်းက
omma ပို့ပေးခဲ့သော စတော်ဘယ်ရီ ခြင်းတွေတောင် စားလို့မကုန်သေးပဲနဲ့
ထပ်မံမှာယူဖို့ စိတ်ကူးနေပြန်ပါသည်..။

ပြီးတော့..

"omma ရဲ့ စေတနာ တွေကြောင့်လားမသိဘူး..
စားဖူးသမျှတွေထဲ ဒီတစ်ခါ စတော်ဘယ်ရီက
အကောင်းဆုံးပဲ.." လို့ ပါပြောနေသေးသည်လေ..။

omma သာ ဒီစကားကြားရင်တော့
သူမရဲ့ ၀မ်းမနာသားလေး
BaekHyunee အပေါ်
အချစ်တွေ တိုးဦးမည်ဆိုတာ
သေချာပေါက်ပင်...။

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now