အသဲလေး ၈

8.2K 619 5
                                    

"မနက်ဖြန် ညနေ ရောက်အောင်ပြန်လာခဲ့ကြနော်.."

"ဟုတ်!!"

Su Ho hyung အမှာကို ဤကဲ့သို့ အသံဝေေ၀ဆာဆာဖြင့် ပြန်ဖြေလိုက်ပြီးနောက်
Chan Yeolနဲ့ Baek Hyun နှစ်ယောက်သား
လက်ဆောင်ပစ္စည်း တစ်ပွေ့တစ်ပိုက်ကြီးနဲ့
ထွက်လာခဲ့ကြသည်..

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"ကိုကိုကလဲ..Xing hyung ကို ခေါ်ခဲ့လိုက်တာမဟုတ်ဘူး..
ခမျာ လိုက်ချင်နေရှာတာကို..."

ကားပေါ် တက်တာနဲ့..
ဘေးမှာ ၀င်ထိုင်ရင်း
နှုတ်ခမ်း..ဆူစ ပြုကာ
ပြောလာသူလေး...

သူ့ဘာသူ
Yi Xing hyung ကို
သူ့အဘွားအိမ်သွားရင် ခေါ်ပါ့မယ်လို့အမြဲတမ်း လျှာရှည်ပြီးပြောပြောထားတာ..

Cloud 9 member ၁၂ ယောက် ပေါင်းပြီးကတည်းက သူ့အဘွားအိမ်ဆိုတာကလဲ
တစ်ခါမှ ရောက်ဖြစ်သေးတာမဟုတ်..

ဒီနေ့မှသာ အားလပ်ရက်က ရှားရှားပါးပါးထီဆုကြီးပေါက်သလို ၂ ရက်ဆက်တိုက်ကြီး ရတာဆိုတော့..
"အဘွားနဲ့ မတွေ့ရတာကြာပြီ..
သွားရအောင်လား ကိုကို"လို့ပြောလာသူလေး
အလိုကျ ချက်ချင်းလက်ငင်း..
အဘွားအတွက် လက်ဆောင် တွေ ၀ယ်ကြပြီး
ချက်ချင်းပဲ ကောက်ကာငင်ကာ အဘွားရှိရာ တောကို ထွက်လာကြခြင်းသာ..

မနေ့က ညအထိ သွားကြမယ် လို့ စိတ်ကူးလဲမရှိ..

မနက်အိပ်ရာနိုးမှသာ စိတ်ကူးပေါက်ရာ ပြောလာတဲ့ Baek Hyun ကြောင့်..
မသွားနဲ့ နောက်မှ သွား လို့တားပြန်ရင်လဲ ကော်တော်မူဦးမှာကြောင့်..
နားငြီး သက်သာ ချင်လို့သာ..
လိုက်ပို့ရတာ ..
တကယ့်ကို ကသုတ်ကရိုက်ကြီး..
ဘာအစီအစဉ်မှလဲ မကျ..
ကမန်းကတန်းကြီးကို ဖြစ်လို့..

ဒီလို အခြေအနေကြီးမှာတောင်
သူ့ဘာသူ သူ့အခန်းထဲ အေးဆေးအိပ်နေတဲ့
Yi Xing hyungကို မရရအောင်နှိုးပြီး..
"hyung ရေ..ကျနော့်အဘွားရွာကို သွားမလို့..
လိုက်ခဲ့လေ.." ဆိုပြီး သွားလျှာရှည်တော့..

ဟိုက "Baek Hyun အဘွားရွာကို မသေခင် တစ်ခေါက် သွားဖြစ်အောင်သွားမယ်"လို့ သံဓိဌာန်ချထားသူပီပီ..
ချက်ချင်း အထုပ်ပြင်ကာ သူလဲ လိုက်မယ်လုပ်နေလို့..
Chan Yeolမှာ..မနည်း လှည့်ပတ်ပြောပြီး ထားခဲ့ရတာ...

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now