အသဲလေး ၁၃

6.7K 519 1
                                    

ကျွန်တော့် မျက်နှာချင်းဆိုင်တွင် ရှိနေကြသော
ကျွန်တော့် Byun Baek Hyun နဲ့ ကျွန်တော့်ကို လူလောကထဲ ရောက်အောင်မွေးထုတ်ပေးခဲ့ပါသော
မာတာ မိခင်ကြီးသည် ဤလောကတွင်
ကျွန်တော်ချစ်ရဆုံးသော လူသားနှစ်ဦး ဖြစ်ပေမယ့် ဒီ အချိန်တွင်တော့ မျက်စိဆံပင်မွှေးစူးစရာ အကောင်းဆုံးလူသားများ ဖြစ်နေသည်..

"omma..ဒီကလူက ommaရဲ့ သားအရင်းဆိုတာ မမေ့ပါဘူးနော်.."

သုံးယောက်လုံး ထမင်းတူတူစားနေကြပေမယ့်
သားအရင်းတစ်ယောက်လုံးကို ရှေ့မှာ ငုတ်တုတ်ထားထားပြီး ဟိုကလေးလေးကိုသာ
သားလေး ဟိုစားထည့်စားဒီဟာထည့်စား ပြောပြီး ကိုယ်တိုင်ကပါ ဟိုကလေးလေးရဲ့ ထမင်းပန်းကန်တစ်ခုလုံး ပြည့်လျှံမတတ်
ဟင်းတွေကို စေတနာ ဗရပွ နဲ့ ထည့်ပေးနေသော
မွေးသမိခင်ကို ကျွန်တော် အငေါ်တူးစကားဆိုလိုက်ပေမယ့် ကျွန်တော့်ခမျာ အဖတ်လေး အရည်လေးတောင် အလုပ်မခံလိုက်ရပါ..

အမေ့ဆီက တုံ့ပြန်မှုလေး မရလို့ ချစ်သူလေးကများ ကိုယ့်ကို အရေးတယူလုပ်မလားလို့ အားကိုးပြီး သူ့မျက်နှာလေးကို မျှော်ကြည့်မိလိုက်သည်..

သို့ပေမယ့်..

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဆိုတဲ့ စကားပုံ အားလုံးကြားဖူးကြမယ် ထင်ပါရဲ့..

ကျွန်တော့် အမေ လက်မောင်းကို မလွှတ်တမ်းချိတ်ထားပြီး ommaဆိုတဲ့ စကားတစ်ခွန်းကို ရောက်ကတည်းက ပါးစပ်ကမချပဲ ကျွန်တော့်အမေ သူ့ကိုချစ်တဲ့ အချစ်တွေ ပိုပိုတိုးပွားအောင် ကပ်ချွဲနေကာ
ပုံမှန်ဆို ကိုကို ကိုကို နဲ့ ကျွန်တော့်ဘေးမှာပဲ တောက်တဲ့လို ကပ်နေတတ်သူလေးက
အခုတော့ ကျွန်တော့်ကို နည်းနည်းလေးတောင် အရေးစိုက်မနေပါ..

နှစ်ယောက်တစ်ကမ္ဘာ တည်နေကြသူတွေများကြားထဲ ကျွန်တော် တစ်ယောက်တည်း မျက်နှာ ငယ်ငယ်နဲ့ ပန်းကန်ထဲက ထမင်းတွေ ကိုသာ မကုန်ကုန်အောင် စားနေလိုက်တော့သည်..

တော်ပါပြီလေ..
နောက်ဆိုရင် ကိုကို့မေမေ ဆီသွားရအောင်လို့များ ပြောလာခဲ့ရင် ကိုကိုကတော့ နိုးပါလို့ သာ ငြင်းပါရစေတော့ ကလေးလေးရေ..

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now