အသဲလေး ၂၇ [ Final ]

8.5K 511 62
                                    

"မေမေ...ကျွန်တော် ပြန်လာပါပြီ..."

"ဟာ...အခုမှ ပြန်လာရလား..!
အပေါ်မှာ နင့် Hyunee ဖျားနေလေရဲ့.."

"ဗျာ..?"

ဖေဖေနဲ့ နှစ်ယောက်သား
ငါးရက်တာ အပန်းဖြေခရီးတိုလေးထွက်ပြီး ပြန်ရောက်ရောက်ချင်း မှာ
မေမေနဲ့ Yoora noona အသိပေးလာသည့် အကြောင်းခြင်းရာက ကျွန်တော့်ကို ခရီးရောက်မဆိုက် အမောဆို့သွားစေသည်...။

မနက်တုန်းက ဖုန်းပြောကြတုန်းကတောင်
အသံလေးက ကြည်ကြည်လင်လင်ပါ...။
ကျွန်တော် ပြန်လာတော့မယ်ဆိုလို့ ပျော်လို့ရွှင်လို့ ဖြစ်နေတာ....။
နာရီပိုင်းအတွင်းမှာဘယ်လိုလုပ် ချက်ချင်းကြီး
နေမကောင်း ဖြစ်သွားရတာလဲ...။

"မနေ့ညကတည်းက အဖျားဝင်နေတာ..
ကိုကို ခရီးထွက်နေရာကနေ စိတ်ပူနေမှာစိုးလို့ တဲ့..
ဒီက လူတွေ က ပြောပြမယ်ဆိုတာတောင် သူက အသိမပေးချင်ဘူးတဲ့လေ..အခုတော့ ဆေးသောက်ပြီး အိပ်နေလေရဲ့.."

အကျိုးအကြောင်း ပြောပြလာသည့် ommaရယ်...။
"တက်သွားကြည့်လိုက်ဦး" လို့တိုက်တွန်းလာသည့် appa ရယ်ကြောင့်
အထုပ်အပိုးတွေ ကို ပစ်ချခဲ့ပြီး
လျင်လျင်မြန်မြန်နဲ့ ကျွန်တော့်ခြေလှမ်းတွေကို
ဦးတည်လိုက်တာက
အပေါ်ထပ်က ကျွန်တော်တို့နှစ်ယောက်၏ခိုလှုံရာ အိပ်ခန်းရှိရာ ဆီ သို့သာ...။

:::::::::: ကိုကို့အသဲလေး :::::::::::

အခန်းပေါက်ဝကို ကျောပေးအိပ်နေသည့် ကျောပြင်ငယ်လေးကို မြင်နေရပေမယ့်
စိုးရိမ်စိတ်တွေက အနည်းငယ်တောင် လျော့ကျမသွား...။

အခန်းပေါက်ဝကနေ ဘယ်လောက်မှ မဝေးသည့် ကုတင်နံဘေး ဘယ်သို့ဘယ်ပုံရောက်လာမှန်းတောင်မသိ...။
သတိထားမိတော့ သူ့ရဲ့ နဖူးပြင်ပေါ် လက်တင်၍ အပူတောင် စမ်းနေမိလေပြီ...။

"သိပ်တော့ မပူတော့ဘူးပဲ..တော်သေးတာပေါ့..."

လက်ခုံဆီက အထိအတွေ့က ခပ်နွေးနွေးသာ ဖြစ်သောကြောင့်
ပူပန်မှုတွေကို လျှော့ချလိုက်တော့
ခရီးပန်းလာတာမို့ လူက စိတ်မောလူမောနဲ့အားအင်တွေ လျော့ကျသွားကာ ကုတင်နံဘေးကပ်ရက်က ခုံပုလေးမှာ သာ ခပ်လျော့လျော့ ထိုင်ချမိလိုက်သည်...။

ကိုကို့ အသဲလေး [ Completed ]Where stories live. Discover now