Part-15

9.3K 618 5
                                    

အပိုင်း( ၁၅ )

' ခန့်ထည့်ဝါ 'အိမ်၏ဧည့်ခန်းထဲတွင် ဦးမင်းမောင်နဲ့ မမလေးတို့ရောက်နေ လေသည်။အရင်နေ့က မင်းခန့်တည် ပြန်သွားပြီးနောက် ဦးမင်းမောင် မမေလးကို သူမရဲ့အမေဖြစ်စဉ်တွေကို အကြောင်းစုံဖွင့်ပြောလိုက်သည်။ အခုတော့ ခန့်ထည်ဝါ အိမ်ရဲ့ဧည့်ခန်းထဲမှာ သူမတို့ သားအဖနှစ်ယောက်ရဲ့ မျက်နှာများကမကောင်း ညိုးငယ်လို့နေသည်။

' မျက်နှာပြောင်တယ်လို့ပဲပြောပြော အရှက်မရှိဘူးပဲဆိုဆို ကျွန်တော် တောင်းဆိုထားတာလေးကိုတော့ '

' စိတ္ခ်ပါဗ်ာ....ဦးမင်းမောင် ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရပါ့မယ်..'

' ကျေး...ကျေးဇူးတင်တယ်ဗျာ..ကျွန်တော့်မိန်းမကိုယ်စားတောင်းပန်ပါတယ်ဗျာ '

' သားသမီးဇောနဲ့လုပ်တဲ့အမှားတွေကိုးဗျ....ကျွန်တော်နားလည်ပါတယ် သားငယ်သာ ကောင်းကောင်းမွန်မွန်ပြန်ရောက်လာရင်ကိုပဲ ကျွန်တော်က ကျေးဇူးတင်ရမှာပါဗျာ '

'အဲ့ဒါဆိုကျွန်တော်တို့ကို ပြန်လိုက်ပါဦးမယ် ခွင့်ပြုပါဦး...'

ဦးမင်းမောင် သူ့မိန်းမဖြစ်သူထိပ်ထားရဲ့အမှားတွေကိုဆက်ပြီးမမှားစေရန် ဦးကျော်ဇော အိမ်ကိုလာပြီးဖွင့်ပြောပေမဲ့ မိန်းမဖြစ်သူကိုလည်း ထောင်မကျစေချင်တာကြောင့် ခွင့်လွှတ်ပေးရန်မျက်နှာပူစွာနဲ့တောင်းဆိုခဲ့သည်။ .ထိပ်ထားရယ် ဆက်ပြီးလမ်းမှားကိုမလျှောက်ပါနဲ့တော့

' Daddy..'

တစ်ချိန်လုံး ငြိမ်ပြီးနားထောင်နေသော သားကြီးက အခုမွ သူ့ကိုခေါ်ဖို့သတိရတော့သည်။

' ဥာဏ်လေး........'

' ဘာမှမပြောနဲ့တော့သားကြီး... သားငယ်ဘယ်မှာရှိတယ်ဆိုတာ daddyတို့ သိပြီဆိုတော့ အချိန်မနှောင်းခင်သွားကြရအောင် '

' ဟုတ်တယ် ကေလးဆီ ကျွန်တော်တို့သွားကြရမယ် '

သားငယ်ပျောက်သွားတဲ့အချိန်ကစပြီး တက်ကြွမှုတွေပျောက်ဆုံးနေသော သားကြီး..အခုများတော့ သားငယ်ရှိတဲ့နေရာကိုသွားဖို့ တက်ကြွတဲ့ကြက်ဖကြီးဖြစ်နေလေရဲ့ ။

အချစ်ဆိုသောအရာTempat cerita menjadi hidup. Temukan sekarang