အပိုင်း ၁၉
အခုလတ်တလောပိုင်းမှာ မင်းဥာဏ်တစ်ယောက် ကလေးရူးရူးနေသည်ကို မင်းခန့်တည် စိတ်ညစ်ရုံတင်မက စိတ်ပါပျက်လာပြီဖြစ်သည်။ ရပ်ကွက်ထဲမှာ ရှိရှိသမျှကလေးတွေအကုန် မိုးလင်းကမိုးချုပ်ထိအိမ်ခေါ်ပြီးဆော့တာကို ကျွန်တော်အပြစ်မပြောပါဘူးဗျာ။
အခုဟာက မူကြိုဖွင့်ချင်တယ်တဲ့ဗျာ အလုပ်မှာမပြီးပြတ်သေးတဲ့အလုပ်တွေကို အိမ်မှာဆက်လုပ်ရတဲ့ကျွန်တော့်အဖို့ ကလေးတွေရဲ့ဆူညံ့သံတွေက အနှောက်အယှက်ဖြစ်လွန်းသည်။ အဲ့ဒီအကြောင်းကို ကျွန်တော်သူ့ကိုနားလည်အောင်ရှင်းပြပါတယ်
သူက လက်မခံဘူး တဇြတ္ထိုးကေလးဗ် ဒီကြားထဲ အဖေကလည်း သူ့ဘက်ကဆိုတော့ ပိုပြီးရောင့်တက်နေတယ်လေ။အခုလည်းကြည့် ကျွန်တော့်ကို စိတ်ကောက်ပြီး အပြင်ထွက်အိပ်တယ်တဲ့ဗျာ။ ဒီတစ်ခါတော့အလျှော့ပေးလို့မဖြစ်ဘူး တင်းထားရမယ်။
မင်းခန့်တည် ပျော့ချင်နေတဲ့မိမိစိတ်ကို တင်းမာအောင်ထိန်းနေစဉ် အခန်းတံခါးဖွင့်ကာ ဝင်လာသော ဥာဏ်လေးကိုမြင်လိုက်တာကြောင့် တစ်ဖက်သို့လှည့်လိုက်ပြီး' ပြောရင်းဆိုရင်းရောက်လာပါပြီဗျာ...အများချစ်တဲ့ ဇွတ်ရစ်လုံးကြီး '
တစ်ဖက်ကိုလှည့်ပြီး ပွစိပွစိပြောနေသော ကိုကို့ကိုကြည့်ပြီး မင်းဥာဏ် နှုတ်ခမ်းတစ်ချက်မဲ့လိုက်သည်။
' ကိုကို ကျွန်တော့်ကိုချော့မှာလား မေခ်ာ့ဘူးလား '
အမယ်....လာလာချည်သေးဗျာ
ကိုယ်ကအမှားလည်းလုပ်တာမဟုတ် သူ့ဘာသာကောက်နေတာကို ချော့ရဦးမယ်တဲ့ ။မင်းခန့်တည် ဥာဏ်လေးရှိရာဘက်သို့လှည့်လိုက်သည်။
' ကိုယ့်မှာအပြစ်မရှိဘူးလေ အာ့ကြောင့်ချော့စရာလည်းလိုမယ်မထင်ဘူး '
ကိုကိုဆီကေန ကျွန်တော် ကြားချင်တာအဲ့စကားမဟုတ်ဘူးလေ။
Daddyတော့မွှေပြီထင်တယ်။ daddyပြောတော့ အခန်းခွဲပြီး အိပ်ရင် ကိုကိုကချက်ချင်းလိုက်ချော့မှာတဲ့ .....
အခုတော့ ကိုယ်လိုချင်တဲ့အခြေအနေမရောက်တာကြောင့် မင်းဥာဏ် ငိုချင်လာသည်။