အပိုင်း ၁၂
' ကိုကို.....ထတော့လေ မနက်စာစားရအောင် အောက်မှာ ဖေဖေစောင့်နေတယ် '
' ကိုကို...အခုထမွာလား မထဘူးလား....
တစ် ၊ နှစ် ၊ သုံးမှ မထရင် morning kissမပေးတော့ဘူးနော် ''ကဲ..စရေပြီနော်... တစ် '
ခန့်တည် ညကအလုပ်တွေလုပ်ရင်း မနက်၂နာရီလောက်မှ အိပ်ခဲ့ရပြီး အခုမနက်မထနိုင်ပဲဖြစ်နေတာကို အလိုက်မသိတဲ့ ကေလးဆိုးက နံပါတ်တွေရေနေလေရဲ့။
ပိတ်ထုလိုက်ရင်လည်း စိတ်ဆိုးဦးမယ်..အိပ်ယာကမထချင်ပေမဲ့ morning kissလေးတော့လိုချင်သား....' ထပြီကွာ....တကယ့်ကလေးဆိုးလေး '
ခန့်တည် မထချင် ထချင်နဲ့ အိပ်ယာထဲ မွ ထထိုင်လိုက်၏ ။ ကိုကိုရဲ့ မနက်အိပ်ယာထပုံလေးက ချစ်စရာကောင်းသည်။ ဝတ်နေကြဝတ်စုံအပြည့်နဲ့မဟုတ်ပဲ ညအိပ်ဝတ်စုံလေးနဲ့ ကိုကိုက လူငယ်ပိုဆန်နေ၏ ။
'ခ်ခ်..ကိုကိုနော် ကလေးကိုယ်တိုင်ပြင်ထားတဲ့ မနက်စာကိုကျွေးချင်လို့လာနိုးတာကို ဟွန့် '
အရင်ကချွဲတာတွေဘာတွေစိတ်မဝင်စားတဲ့သူက ကိုကိုနဲ့တွေ့မှပဲ ပုံစံတွေပြောင်းလာခဲ့သည်။ ကိုကိုက သူ့အတွက်တော့ နွေးထွေးပြီး ချစ်ခြင်း တွေနဲ့ပြည့်စုံတဲ့ ရင်ခွင် ပိုင်ရှင်ဆိုလည်း မမှားပေ။ ကိုကိုရဲ့ရင်ခွင်က သူအတွက် ဒုတိယအနွေးထွေးဆုံးရင်ခွင်တစ်ခုပါ ။
'ဟုတ်ပါပြီ....ကိုယ်တော်ချောရယ်
ကျွန်တော်မျိုးကြီး မျက်နှာသစ်လိုက်ပါဦးမယ် ပြီးရင်ချက်ချင်းဆင်းလာခဲ့ပါ့မယ် ကိုယ်တော်လေးဘုရား ...'ခန့်တည်ရဲ့ခပ်နောက်နောက်ပြောဆိုမှုကိုသဘောကျကာ ရယ်မိလိုက်ရင်း မင်းဥာဏ်ကိုယ်တိုင် ကိုကိုရဲ့ပြဇာတ်မှာ အလိုက်သင့် သရုပ်ဆောင်လိုက်၏ ။
'ကောင်းလေစွ......ကောင်းလေစွ...ကိုယ်တော်လေး အိမ်အောက်မှာစောင့်တော်မူမယ်ကွဲ့....heee '
' မဆင်းနဲ့ဦးလေ..... ကိုယ်တော်လေး အကြင်နာအာဘွားတွေစွန့်ကျဲရမယ်ဆိုတာ မေ့တော်မူနေတယ်ထင်ပါ့ '
' ကိုကို နှာဘူးကြီး ဒါမျိုးကြတော့မမေ့ဘူး '
ပြောပြောဆိုဆိုနဲ့ ခန့်တည်ရဲ့နှုတ်ခမ်းပါးလေးကို လွစ္ခနဲ နမ်းလိုက်ပြီး အိမ်အောက်သို့ ထွက်ပြေးသွားတော့သည်။