Part -1

32.3K 1.1K 3
                                    

အပိုင်း(၁)

မနက်လင်းကြက်မတွန်မှီအချိန်ကတည်းက ဆူညံ့ခြင်းများစွာနဲ့ နေ့သစ်ကိုအစပျိုးသော အေးမြရိပ်

လှပပြီးခေတ်ဆန်လှသော အေးမြရိပ် အိမ်သည်နာမည်က အေးချမ်းသလောက် အိမ်ပိုင်ရှင်ဒေါ်ထိပ်ထားစံကတော့ မအေးချမ်းလှပါ.......

' မင်းဥာဏ် '

'ဟဲ့အကောင်..... အော်မကြားခေါ်မကြား ဘာလုပ်နေတာလဲ...'

ဒေါ်ထိပ်ထားစံ၏ဆူညံသောအသံကို အမြဲနားယဉ်နေသော မင်းဥာဏ်က လုပ်လက်စအလုပ်တွေကို ခဏထားပြီး ဒေါ်လေးရှိရာသို့ပြေးလာခဲ့သည်။

' ဗ်ာ..ဒေါ်လေး '

' ဗ်ာ...ဒေါ်လေးတွေဘာတွေလုပ်မနေနဲ့ မင်းကိုခေါ်နေတာမကြားလောက်အောင် ဘာတွေလုပ်နေတာလဲ '

ထမင်းစားခန်းထဲကထွက်ပေါ်လာသော အသက်၁၉နှစ်အရွယ် အသားဖြူဖြူ ရွှန်းလဲ့နေသော မျက်လုံးနှင့်
မိန်းကလေးဆန်သောမျက်နှာလေးကိုပိုင်ဆိုင်ထားသော မင်းဥာဏ်ကို ဒေါ်ထိပ်ထားစံက အလိုမကျသောမျက်နှာဖြင့်ကြည့်ကာပြောလိုက်၏ ။

'ကျွန်တော်မနက်စာပြင်နေလို့ ဒေါ်လေးခေါ်တာ မကြားလိုက်မိလို့ပါ..'

'အလုပ်တွေသေချာလုပ် အချောင်ခိုဖို့မစဉ်းစားနဲ့ ဒီအိမ်မှာ အလကားနေလို့်မရဘူးဆိုတာ နားလည်ထားပါ မနက်စာပြင်ပြီးရင် ခြံထဲမှာ သန့်ရှင်းရေးလုပ်ထား
ချောင်ခိုနေရင်တော့ အိမ်ကနေမောင်းထုတ်ဖို့ ဝန္မလေးဘူး '

'ဟုတ်ကဲ့...'

' ခဏနေရင် မင်းရဲ့ မမလေးကိုသွားနိုးလိုက်ဦးနော်..
ငါအပြင်သွားမလို့ ခြံတံခါးပိတ်ဖို့လည်းမမေ့နဲ့...'

ဒေါ်ထိပ်ထားစံသည်အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်သော်လည်း နုပျိုနေသောကြောင့် ပင်ကိုအသက်ထက်ငယ်ရွယ်နုပျို ခြင်းကိုပိုင်ဆိုင်ထားလေသည် ။ သူမရဲ့ယောက်ျားဖြစ်သူဦးမင်းမောင်ကတော့ သဘောထားကောင်းပြီး အမှန်တရားကိုမြတ်နိုးတန်ဖိုးထားတက်သူဖြစ်သည်။မင်းဥာဏ်၏အဖေနဲ့အမေ car accident ဖြစ်ပြီးဆုံးပါးတော့ အချစ်ဆုံးသူငယ်ချင်းအတွက်စိတ်မကောင်းလည်းဖြစ် လောကအလယ်မှာတစ်ယောက်ထဲကျန်ခဲ့သော မင်းဥာဏ် လေးကိုသနားသောကြောင့် အိမ်ခေါ်လာပြီးကျောင်းထားပေးပေမဲ့ မိန်းမဖြစ်သူ
ဒေါ်ထိပ်ထားစံကတော့ သဘောမတွေ့ပါ ။

အချစ်ဆိုသောအရာDonde viven las historias. Descúbrelo ahora