အပိုင်း( ၁၄ )
ဒီရက်ပိုင်းအတွင်း အေမ ရဲ့ အပြုအမူတွေ ထူးဆန်းသည်ကို မမေလး သတိထားမိလာသည်။
အရင်ကမျက်မှောင်ကြုတ်ပြီး သူမကို ကြည့်တက်သည့်အမေက အခုများတော့ မျက်နှာကရွှင်လန်းနေလေရဲ့။.ပြီးတော့လည်း အရင်က ဦးလေးနဲ့ဖုန်းအဆက်သွယ်ရှိပေမဲ့ အခုလိုအမြဲတမ်းတော့ အဆက်အသွယ် မရှိပေ။ တော်တော်ထူးဆန်းတယ်နေတာကြောင့် အဖေ့ကိုပင် သူမပြောမိလိုက်သေးသည်။
မမေလး ခြံထဲကပန်းပင်တွေ ရေလောင်းနေစဉ် အိမ်ထဲသို့ဝင်လာသော ဦးလေးဝဏ္ဏကို မြင်လိုက်သည်။' ဦးလေး အိမ်ကိုအလည်လာတာလား '
' သမီးအမေဘယ်မှာလဲ ဦးလေးကို ဂိုဒေါင် ရှင်းခေါ်ထားလို့ '
ထိုအချိန်မှာပဲ အိမ်ထဲမှ ဒေါ်ထိပ်ထားစံထွက်လာသည်။
' သြော် မောင်လေးရောက်နေပြီကိုး သမီး ဦးလေးအတွက် အေအးသြားယူခဲ့ပါဦး '
မမေလး အိမ်ထဲဝင်သွားတော့မှ မောင်နှမ နှစ်ယောက် ဂိုဒေါင်ဘက်ကို သွားကြသည်။ ဂိုဒေါင်မှာက ရှင်းစရာရယ်လို့မရှိပေမဲ့ အမြဲတမ်းအပြင်ထွက်နေလျှင် သူမရဲ့ လုပ်ရပ်တွေပေါ်မှာစိုးရိမ်တာကြောင့် မောင်လေးကို အိမ်ခေါ်ဖို့ အကြံကို ဒေါ်ထိပ်ထားစံ စဉ်းစားလိုက်သည်။
ထိုဂိုဒေါင်က မင်းဥာဏ်အကြောင်းတိုင်ပင်ဖို့အတွက် နေရာကောင်းတစ်ခုလည်းဖြစ်တာကြောင့် အိမ်ကလူတွေအသွားအလာနည်းတဲ့နေရာကို သူမရွေးချယ်လိုက်ခြင်းဖြစ်သည်။' မောင်လေး ဟိုခုံလေးကို ဒီဘက်ရွေ့လိုက်ပါ့လား '
' ဦးလေး အအေးလေးသောက်ပါဦး '
ပစ္စည်းတွေရွေ့နေသော ဦးလေးကို မမေလး အအေးကမ်းပေးလိုက်၏ ။
မမလေးပေးသော အေအးကို ဦးဝဏ္ဏယူသောက်လိုက်၏ ။' ဦးလေးလည်း တစ်ယောက်တည်းလုပ်ရတော့ ပင်ပန်းနေမှာပဲ သမီးရော ကူပေးမယ်လေ '
'ရပါတယ် တူမလေးရဲ့ ဦးလေးတစ်ယောက်လုံးရှိနေတာပဲ အားကိုးစမ်းပါ....'
' ဟုတ်ပါပြီ ဦးလေးရယ်... ထမင်းတော့စားသွားနော် ၊ သမီးပြင်ထားလိုက်မယ် '