Extra -6

8.9K 555 12
                                    

အပိုင်း ၂၂.

ဧည့်ခန်းထဲတွင် ပိုင်စစ်မှူးတစ်ယောက် Tvကြည့်နေသည်။ ခန့်တည်ဝင်လာတာကိုလည်းမြင်ရော အတင်း ခုံပေါ်ကပြေးဆင်းပြီး ထမင်းစားခန်းထဲသို့ဝင်သွားသည်။ နဂိုကမှစိတ်မကြည်သည့် ခန့်တည်ရဲ့မျက်နှာက မှုန်ကုတ်နေသည်။ အခုချိန်မှာ ဘယ်သူနဲ့မှစကားမပြောချင်တာကြောင့် အခန်းထဲသို့ဝင်လိုက်သည်။

ခန့်တည် အခန်းထဲရောက်တော့ အင်္ကျီ ချွတ်လိုက်ပြီး စိတ်ပင်ပန်းမှုကိုပြေပျောက်စေရန် ရေချိုးသည်။ ရေပန်းအောက်မှာ ထိုင်ချလိုက်ပြီး စောစောကသူမြင်လိုက်တဲ့မြင်ကွင်းတွေကို တစ်ကွက်ချင်းပုံဖော်နေရင်း ပါးပြင်ပေါ်မှာကျလာသော ရေတွေနဲ့အတူ မျက်ရည်စများပါရောပါသွားသည်။

ခန့်တည်ရေချိုပြီး ခေါင်းကိုတဘတ်နဲ့သုတ်နေချိန်မှာ အခန်းထဲဝင်လာသော ကလေးနဲ့ဟိုပိစိမလေး..

နာမည်မသိတော့ ကိုယ်တိုင်နာမည်ပေးထားသော ပိစိမေလးက ကလေးရဲ့ရင်ခွင်ထဲမှာ ခိုကပ်ပါလာပြန်သည်။ အမွန္တကယ်ဆို ကလေးရင်ခွင်ထဲကို သူ မခိုလုံသေးဘူးလေ ဒီပိစိမေလးက အရင်ရောက်နေတော့ ခန့်တည် မနာလိုဖြစ်မိသည်။
တစ်ဆက်တည်းမှာပဲ ကြာရိပ်စွယ်ပါဝင်လာတာကြောင့် ခန့်တည် သူတို့ကိုကြည့်နေရင်းမှ တစ်ဖက်သို့အကြည့်လွှဲလိုက်သည်။

ခန့်တည် အကြည့်လွှဲလိုက်ရတဲ့အကြောင်းအရင်းက ၃ယောက်အတူယှဉ်တွဲရပ်လိုက်တော့ ပျော်ရွှင်စရာ မိသားစုပုံစံဖြစ်နေချင်းကြောင့်ဖြစ်သည်။

' ကိုကို'

'......'

' ကိုကိုလို့ခေါ်နေတယ်လေ.ဘာလို့မထူးတာလဲ.. '

ဘယ်လောက်ခေါ်ခေါ် မကြားချင်ယောင်ဆောင်နေတဲ့ကိုကို့ကြောင့် မင်းဥာဏ်စိတ်ညစ်သွားသည်။ အမှားမလုပ်ပါဘဲနဲ့ဘာလို့များ ကိုကိုက စိတ်ကောက်နေတာပါလိမ့် .....

ရုတ်တရက်ကြီး ကိုယ်ပေါ်ကိုခွထိုင်လိုက်တဲ့ကလေးကြောင့် ခန့်တည်လန့်သွားသည်။ အရင်က အဲ့လိုအမူအယာတစ်ခါမှမလုပ်ပါဘူး .....
ပြီးတော့ သူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ရှေ့မှာ အခုလို အမူအရာမျိုး မလုပ်သင့်ဘူးလေ...

အချစ်ဆိုသောအရာWhere stories live. Discover now