အပိုင်း ၁၈
မင်းခန့်တည် အလုပ်သွားသည်နှင့် မင်းဥာဏ် အိမ်မကပ်တော့ပေ။ လစ်ရင်လစ်သလို မင်းဥာဏ် ဘေးအိမ်ဆီကူးကာ ထိုအိမ်ကလူများနဲ့ ရင်းနှီမှုရစေဖို့ ကြိုးစားနေသည်။ ကြီးလုံးလည်း ကျွန်တော့်ကို ပြော၍မရသည့်အဆုံးလက်လျှော့ထားပုံပေါ်သည်။ ကိုကို့ကိုလည်းတိုင်မပြော ကျွန်တော့်ကိုလည်းအပြစ်မတင်ပေ။
ကြီးလုံးရဲ့စိတ်ကို မင်းဥာဏ် သိနေတာကြောင့် ဘေးအိမ်ကလူတွေနဲ့ရင်းနှီးစေဖို့ ကြိုးစားနေခြင်းဖြစ်သည်။ မနေ့က မိတ်ဖွဲ့သွားတဲ့ကိုယ့်ကို ဖုတ်လေရာငပိ ရှိတယ်လို့တောင်မထင်သော မြတ်ပိုင်ဆိုတဲ့လူကြီးကို တော့မခင်ချင်ပါဘူး အဲ့လူကြီးရဲ့မေမေ ဒေါ်သစ္စာနဲ့တော့ ခင်ခဲ့သည်။ အခုဆိုဒေါ်သစ္စာနဲ့ရင်းနှီးနေပြီဖြစ်သည်။
ဒီနေ့မနက်မှာ ကြီးလုံးချက်ထားတဲ့ မုန့်ဟင်းခါးကို ငါးဆင့်ချိုင့်နဲ့ထည့်ကာ ဒေါ်သစ္စာတို့အိမ်ထဲသို့ မင်းဥာဏ်ကြော့ကြော့လေးဝင်လာလိုက်သည်။
' တီတီ... သားမုန့်ဟင်းခါးလာပို့တယ် '
လူကအိမ်ထဲမရောက်သေးဘူး တကြော်ကြော်အော်တက်တဲ့ မင်းဥာဏ် ရဲ့အကျင့်ကြောင့် ဧည့်ခန်းတစ်ခုလုံး မင်းဥာဏ်အသံများဖုံးလွှမ်းသွားသည်။ဧည့်ခန်းထဲမှာ ထိုင်နေတဲ့လူတွေရဲ့မျက်လုံးများက မင်းဥာဏ်ဆီကျရောက်နေတာကြောင့် မင်းဥာဏ်ရှက်ရမ်းရမ်းကာ ခေါင်းကုတ်ပြီးရယ်နိုင်သမျှအစွမ်းကုန်ရယ်ပြလိုက်သည်။
' ဥာဏ်လေး...'
ဟင်...ဒါက ကိုကို့အသံပဲ ၊ မဟုတ်လောက်ပါဘူး ဒီအိမ်မှာကိုကိုရှိစရာလား?
' ဥာဏ်လေး... '
မင်းဥာဏ် လိုရာဆွဲတွေးကျန်းမာရေး လုပ်နေချိန်မှာ ကိုကိုရဲ့ အသံက ဒုတိယအကြိမ်ထွက်ပေါ်လာပြန်သည်။
' ကိုကို..... ဘယ်ကဘယ်လိုဒီအိမ်ကိုရောက်နေတာလဲ? အလုပ်မှာဆိုပြီး ကေလးကိုလိမ္တာလား...ဟွန့် '
အမယ် သူခိုးကလူပြန်ဟစ်လို့၊ ကိုယ့်ကိုဦးအောင်ရန်တွေ့နေသော မင်းဥာဏ် ကို အသည်းယားလာကာ နဖူးကိုလက်နဲ့တောက်လိုက်သည်။
တကယ္ကို ဖွဖွလေးတောက်လိုက်တာပါ....အဲ့ဒါကို ကေလးစုတ္က ငိုမဲ့မဲ့မျက်နှာနဲ့ လက်ကလည်း နဖူးလေးကိုပွတ်လို့