Part-2

14.3K 922 3
                                    

အပိုင်း(၂)

မင်းဥာဏ် ခြံထဲရှိပန်းများရေလောင်းနေစဉ်
ဒေါ်ထိပ်ထားနှင့်ဦးမင်းမောင်အပြင်ကပြန်ရောက်လာသဖြင့်ခြံတံခါးဖွင့်ပေး၍ ပန်းပင်များကိုဆက်လက်ရေဖြန်းပေးနေခဲ့သည်..။
ဒေါ်ထိပ်ထားကတော့ မင်းဥာဏ် ဘယ်လောက်ပဲအလုပ်လုပ်ပါစေ အမြင်မကြည် အလိုမကျသောမျက်နှာဖြင့် အိမ်ကြီးထဲသို့ ဝင်သွားခဲ့လေသည် ။

'လူလေး မင်းဥာဏ် '

'ဗ်ာ.... ဦးလေး'

'အေး....မင်းမလည်းကွာ အမြဲအလုပ်တွေပဲလုပ်မနေပါနဲ့ စာလေးဘာလေးလဲကျက်ဦးမှပေါ့ ခြံထဲကအလုပ်ကို မောင်ကြိုင်ပဲလုပ်ပါစေ'

'ရပါတယ် ဦးဦးရဲ့ စာကျက်ပြီး ခဏနားနေတုန်းလေး ကူညီပေးတာပါ'

'အေးကွာ.... ဦးလေးရဲ့ လုပ်ငန်းတွေအောင်မြင်နေတာ မင်းရဲ့မိဘတွေရဲ့ကျေးဇူးကြောင့်ဆိုပိုမှန်လိမ့်မယ်... ငါ့သူငယ်ချင်းအပေါ်တာဝန်မကျေခဲ့ဘူးကွာ....'

'မဟုတ္တာပဲ ဦးလေးရယ် ကျွန်တော့်အတွက် ဘဏ်စာအုပ်ရယ် နေဖို့စားဖို့အပြင်ကျောင်းပါထားပေးခဲ့တာပဲ
......'

'အေးကွာ... '

ထိုစဉ်ဒေါ်ထိပ်ထားရောက်လာပြီး

'နေပူကြီးထဲဘာရပ်လုပ်နေတာလဲ...
ရှင့်ကိုအရေးတကြီးပြောစရာရှိလို့လိုက်ရှာနေတာ... ရှင်ကတော့ အရေးမပါတာတွေလုပ်နေပြန်ပြီ..'

'ငါလည်းအိမ်ထဲဝင်မလို့ပါကွ....
ကဲ...အိမ်ထဲဝင်ရအောင်ကွာ မင်းဥာဏ်လည်း အလုပ်တွေထားခဲ့လိုက်
မောင်ကြိုင်အပြီးထိလုပ်လိမ့်မယ်...'

'ဟုတ် ဦးလေး'

မင်းဥာဏ် သည် ဒေါ်ထိပ်ထားခို်င်းသမျှကိုမငြီးမငြူလုပ်ပေးနေရ၍ စာကျက်ဖို့အချိန်မရှိပေ။ ညဘက်စာထကျက်ရင်လည်း မနက်ရောက်ရင်အိပ်ငိုက်နေတာကြောင့်
အခွင့်အရေး ရတုန်းလေး အပြေးအလွှား ထွက်သွားလေသည်။

ဒေါ်ထိပ်ထားစံက ဦးမင်းမောင်ပြောသမျှကို ဘာမျှဝင်မပြောပေမဲ့ သိပ်တော့မကျေနပ်ပေ။ မင်းဥာဏ်ရဲ့ အမေ သက်ရှိထင်ရှားရှိစဉ်က က သူမကို အထည်ကြီးပျက်သမီးဆိုပြီး အထင်အမြင်သေး၍စကားအရာမသွင်းခဲ့သည်ကို တွေးမိတိုင်း မင်းဥာဏ်ကို ကြည့်မရခဲ့ပေ ။

အချစ်ဆိုသောအရာTempat cerita menjadi hidup. Temukan sekarang