အပိုင်း (၈)
တိတ်ဆိတ်ပြီး ချောင်ကျသော နေရာတစ်ခုတွင် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက်ခပ်လတ်လတ် လူတစ်ဦး အကြောင်းအရင်းတစ်စုံတစ်ရာကို ဆွေးနွေးတိုင်ပင်နေလေသည်။
အမျိုးသမီးရဲ့ မျက်နှာမှာ အလိုမကျခြင်းများ ထင်ဟပ်နေသည်။' နင်ဟာလေ ခိုင်းလိုက်ရင် အရာရာနဲ့အကြောင်းကြောင်း သုံးစားလို့ကို မရဘူး '
'ကျွန်တော်လည်းအစွမ်းကုန်ကြိုးစားပြီးလုပ်တာပဲ မမရယ် '
'တော်...တော်.... ဘာဆင်ခြင်မှမကြားချင်ဘူး အခုမအောင်မြင်တော့လည်း နောက်တစ်ခေါက်ပေါ့
ဒီတစ်ခါလည်း လောကကြီးက ငါတို့ကိုမျက်နှာသာပေးဦးမှာပါ
ဘာလုပ်လုပ် ပိပိရိရိလုပ်ဖို့တော့လိုမယ်နော် ''စိတ္ခ် မမေရ......ကျွန်တော်အလုပ်လုပ်တာ ပိရိလွန်းလို့ အဲ့ကောင်လေးမိဘတွေသေတာ အခုထိအဖြစ်မှန်မဖော်နိုင်သေးဘူးမို့လား? '
' ကြက်ကန်းဆန်အိုးတိုးလို့ပြီးမြှောက်သွားတာကို ကြီးကြီးကျယ်ကျယ်တွေ။ ကံကောင်းလို့ အဲ့ဒီကိစ္စမပေါ်တာကို စကားလုပ်ပြီး ပြောမနေနဲ့ '
မိန်းမကြီးရဲ့ပတ်ခနဲပြန်ပြောသည့်စကားကို ထိုလူပြန်ခံ၍မပြောနိုင်ချေ။
'ဟာဗ်ာ.....မမကလည်း အကောင်းဘက်က ကြည့်ရင် ရလဒ်ကောင်းပဲလေ......'
အားမာန်တက်ကြွနေသော လူမိုက်တစ်ယောက်နဲ့ လှောင်ပြုံးများနှင့် အမိန့်ပေးခိုင်းစေနေသော အမျိုးသမီးကြီးက သူမရဲ့အလုပ်ကိစ္စများအပြီး ထိုနေရာကနေထွက်သွားတော့လေသည်။
'ရွှေအတိ' ကုမ္ပဏီ ရုံးခန်းအတွင်း၌
ခန့်တည် မနေ့ညကအဖြစ်အပျက်တွေကိုပြန်လည်စဉ်းစားနေမိသည်။ သူသေချာပေါက် မနေ့ညက ခြံနားမှာလူရိပ်တွေ့လိုက်တော့ သူခိုးကပ်တယ်လို့ပဲထင်မိခဲ့သည်။ ရုတ်တရက် မီးပျက်သွားတော့ အခြေအနေတွေထူးဆန်းနေပြန်သည်။ အခြေအနေတစ်ခုကို သိဖို့ စောင့်ဆိုင်းနေချိန်မှာ ခပ်ဖွဖွနင်းဖြတ်သွားတဲ့ခြေသံကိုကြားလိုက်ရတာမို့ torchဖွင့်ပြီးကြည့်လိုက်တော့ အဲ့အရိပ်ကလျင်မြန်စွာ ထွက်ပြေးသွားသည်။ ထိုအရိပ်ကပုံမှန်ထက် လျှင်မြန်တာမို့ သူ လိုက်ဖမ်းဖို့ခဲယဉ်းသွား၏ ။ ပြဿနာဖြစ်နေချိန်မှာ ဘေးခန်းက ဥာဏ်လေးကို သူသတိရသွားပြီး ဥာဏ်လေးရဲ့အခန်းထဲ ဝင်ကြည့်မိသည်။ ဥာဏ်လေးသာတစ်ခုခုဖြစ်ရင်သူဘယ်လိုမှခံစားနိုင်မှာမဟုတ်ဘူး ။