အပိုင်း (၁၀)
မင်းခန့်တည်ရဲ့ လက်ကိုဖက်တွယ်ပြီး ငိုလို့မဆုံးနိုင် သောမူယာပို ကိုကြည့်ရင်းခန့်တည် သက်ပြင်းချမိသည်။ ကလေးသူ့ကိုစိတ်ဆိုးသွားတာသေချာသည် ။မူယာပိုကိုလည်း သူ အပြတ်ဖြတ်မှဖြစ်တော့မည်။ အခုရှင်းမှနောက်မရှုပ်တော့မှာလေ ။
'မင်းအကြောင်းတွေငါစုံစမ်းထားလို့ အကြောင်းအရင်းအမှန်ကို သိပြီးထားပြီ လိုရင်းပဲပြောပါ မူယာပို..ငိုနေလို့ပြီးသွားမဲ့ကိစ္စမဟုတ်ဘူးထင်တယ် '
ခန့်တည် စကားလမ်းကြောင်းခင်းပေးလိုက်သည်။ မဝံ့မရဲဖြစ်နေသော မူယာပိုက ရှက်သည့်စိတ်ကိုဖုံးဖိရင်း သူမရဲ့အကြောင်းသိပြီးသူရှေ့ လိမ်နေလည်းအပိုဖြစ်ရုံသာဖြစ်တာကြောင့် အမှန်တိုင်းပြောပြလိုက်သည် ။
'ငါလေ...နင့်ကိုတောင်းပန်ပါတယ်ဟာ ။ လိမ်ပြီး ချဉ်းကပ်ခဲ့မိတဲ့အတွက် ငါတကယ်နောင်တရပါတယ်။
အခုငါ့ချစ်သူကထောင်ကျတော့မလိုဖြစ်နေပြီ နင့်ဆီက ငွေအရမ်းလိုနေလို့ပါဟာ ၊ငါ့ကိုကူညီပါဦးနော်... ဒူးထောက်ပြီးတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ် 'သူမရဲ့စကားအဆုံးမှာတော့ ဒေါသဖြစ်ပြီးပေါက်ကွဲမည်ဟုထင်ထားသော ခန့်တည်က တည်ငြိမ်စွာနဲ့ အေးဆေးနေတာကြောင့် အံ့သြမိသည်။
ခန့်တည်ရဲ့စကားက သူမကိုပို၍အံ့အားသင့်စေပြန်သည်။' အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောရင် အစောကြီးကတည်းက ကူညီပြီးနေပြီ မင်းကဇာတ်လမ်းတွေထွင်လွန်းတယ် အခုတော့မဖြစ်သင့်တာတွေဖြစ်ကုန်ပြီ '
'ငါ့အမွားပါ ခန့်တည်ရယ်၊ အခုလည်းငါ့ကို ကူညီမယ်မဟုတ်လားဟင် '
'ကူညီပေးမှာပါ ငါကအကြင်နာတရားမမဲ့သေးပါဘူး ဒါပေမဲ့ ငါကူညီပေးလိုက်ရင် ငါလိုချင်တာရှိတယ် '
' နင်ကြိုက်ရာတောင်းပါ ငါအကုန်သဘောတူပေးပါ့မယ် '
ခန့်တည်ရဲ့ ကူညီမယ် ဆိုသောအသံက သူမရဲ့နားထဲကို ပျားရည်တွေလောင်းချလိုက်သလို ချိုမြိန်ပါဘိ ။ အခုချိန်မှာ ခန့်တည်က မီးခဲပူကို ကိုင်ခိုင်းရင်တောင် သူမ ကိုင်ဖို့အတွက် လက်မတွန့်ပေ။