ချစ်​​သော မိုး

3.4K 460 93
                                    

"ကျမက​တော့ ဆင်​စွယ်​​ရောင်​ကိုပိုသ​ဘောကျ
တယ်​..ဆင်​စွယ်​​ရောင်​က​တော်​ဝင်​ဆန်​တယ်​​လေ..
Baekhyun shi က​ရော..."

ဆင်​စွယ်​​ရောင်​ သတို့သမီးဝတ်​စုံရဲ့ ပခုံးစများကို
ကိုင်​ရင်း ​ပြောလာ​သော သူမသည်​ ပြုံးစစ မျက်​နှာ
ပေးနဲ့ ကျ​တော့်​ကို​မေးလာ၏..

ရေလှိုင်းသဏ္ဌာန်​ဖျာကျ​နေ​သော ဂါဝန်​အောက်​ဖျားစများသည်​ အ​တော်​ပင်​ရှည်​​လေသည်​...

သို့​ပေမယ့်​ ဒီဝတ်​စုံသည်​ ကျ​တော်​ဝတ်​မှာမဟုတ်
သည့်​တိုင်​ သူမ သ​ဘောကျဖို့သာလိုသည်​မလား...

"Gomi shi..သ​ဘောကျတာကို​ရွေးပါ..."

"ကျမ ဒါကိုဝတ်​ကြည့်​ရမလား..."

သူမရဲ့ မျက်​လုံး တို့သည်​ တဖျတ်​ဖျတ်​လက်​ရင်း
ကျ​တော့်​ကိုလှည့်​ကြည့်​​ပြောလာ၏...

ယောင်​​​ယောင်​ယမ်းယမ်း​ခေါင်းငြိမ့်​ပြမိတယ်​ထင်​ပါ
တယ်​...

မင်္ဂလာ​ဆောင်​ဝတ်​စုံဆိုင်​မှဝန်​ထမ်း​နောက်​မှ
မြောက်​ဆွ​မြောက်​ဆွပါသွား​လေသည်​...

အခြား​သော သူတို့သည်​​ရော ကိုယ့်​သတို့သမီး အတွက်​ မင်္ဂလာ​ဆောင်​ဝတ်​စုံလာ​ရောက်​​ရွေးကြ
တဲ့အခါ ကျ​တော့်​ကဲ့သို ​ယောင်​​နနဖြစ်​​နေကြသည်
လားမဖြစ်​နိုင်​...

သတို့သမီးက ဝတ်​စုံလဲ​နေတဲ့အခါမှာ သတို့သား
ကဘာလုပ်​​နေတတ်​မလဲ...?...ကျ​တော်​မသိပါ...

ထိုင်​နိုင်​ရန်​ ခင်းကျင်းထား​သော Leather Sofa
ပေါ်ထက်​တွင်​ ထိုင်​ရင်း မဂ္ဂဇင်းစာအုပ်​တစ်​အုပ်ကို
ကောက်​ကိုင်​ကာ ပြင်​ဆင်​ပီးထွက်​လာမည့်​ သတို့သမီး ကိုရင်​ဖိုစွာ ​စောင့်​ဆိုင်းရမည်​လား...

ထိုသို့ သာမန်​ရိုးကျ ​စောင့်​စားမှုမျိုးသည်​ ကျ​တော့်​ လို လူအတွက်​​တော့ဘာမှမဆိုင်​ဘူးမဟုတ်​လား...

ဆိုင်​အတွင်းတွင်​သာ ဟိုဟိုဒီဒီ ​​လည်​ပတ်​ကြည့်​ရှု​နေလိုက်​မည်​...

မင်္ဂလာဝတ်​စုံဆိုင်​သည်​အ​တော်​ပင်​ကျယ်​ပြီး
အဆင့်​မြင့်​ပုံ​ပေါ်သည်​...အင်း​လေ..Lee Gomi
၏မိသားစုအသိုင်းအဝိုင်းသည်​ ချမ်းသာကြွယ်​ဝ
ကျတယ်​မဟုတ်​လား...

ချစ်သောပင်လယ်ပြာWhere stories live. Discover now