ချစ်သော ပင်လယ်ပျော်

4.5K 578 26
                                    

"ဘာရယ် ဘာရယ်..??
Baek byunhyun.. ဟုတ်..ဟုတ် သလား..?.."

ရှင်းကျွန်းရဲ့ သူကြီးရဲ့ တူသည် Seoul မြို့
မှ လူတွေနီးတူ ခေတ်မှီလှ၏...
သူ့အိမ်မှာက ဟိုစလောင်းဖုံးနဲ့တူတဲ့ဟာကြီး
ခေါင်မိုးပေါ်တပ်ထားတာကိုး...
ဝတ်ပုံစားပုံကအစ လုံးဝကိုမြို့သား...
အဲ့ စကားနည်းနည်းထစ်တာကလွဲလို့...

အခုတော့ နားပါလေးသွားလားမသိ..
ဒီလောက်အသံကြီးနဲ့ပြောတာကို အူတူတူနဲ့
နာမည်ကိုဇောက်တိဇောက်ထိုးတွေပြောနေ
တယ်..

"Byun Baekhyun ပါဆို.. Shin Dong Hyung ကလည်း..ဘယ့်နှယ့်.."

"အေး...အဲ့..အဲ့တာ..ငါငါ..သိတယ်...
ခန..ခန.."

ထသွားပြီး လှန်ပြလေရဲ့...

"သူလား..?"

လှန်ပြတာစာအုပ်ပြောတာ..
..စာအုပ်နောက်ကျောကိုလှန်ပြတာ...

"ဟမ်..Baekhyun က ဒီမှာ ဘာလို့ပါတာ
လဲ.?"

"ဘာလို့..ပါ..ပါရမှာလဲ..သူက ဒီ..ဒီစာစာ.
အုပ်ကိုရေးတဲ့ သူ.."

"အရမ်းနာမည်ကြီးတယ်လား..."

စာအုပ်လေးကို ကိုင်ကာ သူ့ဓာတ်ပုံလေးကို
သာကြည့်နေမိ၏..
ဆံပင် တို့ကိုလှန်တင်ထားပြီး သေသေသပ်သပ်လေးဝတ်ထားတော့လည်း
သူ့ အိမ်သို့ မ​ယောင်​မလည်​ ရောက်လာလေ
သော Seoul သားနဲ့ တခြားစီရယ်..

"ကျတော်ပြန်တော့မယ်.."

"ဟိတ်ကောင်..Chanyeol..မင်းပြန်တာနဲ့
ပဲ..စာစာ အုပ်က ဘာလိုယူသွားတာလဲ.."

"ခနလေးငှါးလို့မရဘူးလား..ကျတော်ဖတ်ချင်
လို့ပါ..Hyung nim.."

အဲ့ Seoul သား ဘာတွေရေးလဲဖတ်ချင်လို့
ရယ်...
သွားလေးဖြဲကာ စာအုပ်လေးကိုရင်ခွင်ထဲ ထည့်ပြီးHyung nim လို့ခေါ်လိုက်၏..
Shin Dong Hyung က သူ့ကို Hyung
Nim လို့ခေါ်ရင်သိပ်သဘောကျတာ..

"Hyung nim တဲ့လား..အေးပါ..အေးအေး
တစ်ပတ်ငှါးမယ်..ယူသွား...ဒါပေမယ့်
ငါနဲ့ Byun Baekhyunn...ကိုတော့
တွေ့အောင်ဖန်ပေးအုံး.."

Baekhyun ကို.ဘာကိစ္စတွေ့မှာလဲလို့ မေး
လိုက်ချင်ပါရဲ့..သို့သော်စာအုပ်မျက်နှာကြောင့် မကြားချင်ယောင်ဆောင်လိုက်ကာ..

"ကျေးဇူးတင်ပါတယ်..Hyung nim..
သွားပြီခင်ဗျ.."

သူကြီးအိမ်တိုင်တို့ကို ခုန်ပြန်ကျော်လွှားရင်း
ခြေထောက်များနှစ်ဝင်လေသော သဲသောင်
တို့ကို ခြေစုံနင်းရင်း ပြန်လာခဲ့၏..

ချစ်သောပင်လယ်ပြာWhere stories live. Discover now