"Chan..Chanyeol........
Chanyeollie........"မိုးစက် မိုးပြောက်များဖြင့် ဝေဝါးနေသော ကား
မှန်သည် ပိုမို၍ဝေဝါးသွားသလို...ကျတော် မျက်လုံးမှားသည်လား...
ဟင့်အင်း...မျက်လုံးက မှားနိုင်ရင်တောင်
ဘယ်ဖက်ရင်အုံထဲမှ နှလုံးသား ကမှားနိုင်စရာ
အကြောင်းမှမရှိတာ....စိုစွတ်ပူနွေးသော ရေစီးကြောင်းတစ်ခု ကျတော့်
ပါးပြင်မှ မေးရိုးတစ်လျှောက်...သူ...ဘာလို့ဒီကိုရောက်နေတာလဲ...
ဖြေးညှင်းစွာလိမ့်နေသော ကားဘီးများကြောင့်
ကျတော့်မြင်ကွင်းရှေ့မှ သူ့ကိုမြင်နေရဆဲပါ....ဘေးမှထိုင်နေသော ဒေါ်လေးကိုကြည့်လိုက်တော့
ကျတော့် ကိုသတိထားမိပုံမပေါ်...မျက်ရည်တို့ကို အင်္ကျီလက်ဖြင့် ပွတ်ပစ်လိုက်ရင်း
ကား တံခါးမှ Lock ကိုစိုက်ကြည့်နေမိ၏..."မင်းကတကယ့်ကို ဇွတ်မေ့နေတာပဲ...
Baekhyun သိလား...ခံစားချက်ကိုဖြတ်တောက်
ဖို့ကလေ ရေလိုပဲ...မလွယ်ကူဖူး...မင်း လူတစ်ယောက်ကို ချစ်ချင်တိုင်း ဇွတ်ချစ်လို့မရသလို မေ့ပစ်ချင်တိုင်းလည်းဇွတ်မေ့လို့မရဖူး..
သူငယ်ချင်း..."ဟုတ်တယ်...JongDae..မင်းပြောသလိုပဲ...
ခံစားချက်ဆိုတာ ရေလိုပဲ...
ဖြတ်တောက်ပစ်ချက်တိုင်း ဖြတ်တောက်လို့ရတဲ့
အရာမျိုးမဟုတ်ဖူး...အခု ဘယ်လိုလုပ်ရမလဲ...
ဒီအချိန်မှာ...ဘယ်လိုလုပ်သင့်လဲ...
အတိုင်းအဆမရှိ ရွာသွန်းနေတဲ့ မိုးရေတွေထဲကို
ခုန်ဆင်းသွားရမလား...ဒါမှမဟုတ်....
ဒီအတိုင်းပဲ...မိုးခိုရာနေရာကိုမျောပြီးလိုက်ပါသွား
လိုက်ရမလား...ထိုမိုးရေတွေထဲမှာ ပျော်ရွှင်မှုဆိုတာ ရှိလား
သေချာမသိပေမယ့်...ကျတော့်အတွက် ပထမဆုံး ဖြစ်တည်တဲ့
သံယောဇဉ်က ဆက်နွယ်ဖန်တီးပေးထားတဲ့
ချစ်ခြင်းတရားရှိနေသည်လေ...