ချစ်သော မနက်ခင်း

2.8K 422 65
                                    

မနက်မိုးလင်းလင်းချင်း ချစ်သော သူ့ရဲ့ မျက်နှာကို
ငေးမောရင်း နိုးထလာရတာ...

အရမ်းကို ကြည်နူးဖို့ ကောင်းတာလား ဘာလားမသိပေမယ့်...

ကျတော့်ဘေးမှာ ဆံပင်တွေထိုးထိုးထောင်ထောင်
နှင့်အိပ်နေတဲ့ ကျတော့်ရဲ့ အချစ်ဦး...အသစ်စက် စက် ရည်းစားဦး....

Chanyeollie ရဲ့ မျက်လုံးလေးတွေကသိပ်လှ
တာ...
စိန်တုံးသေးသေးလေးမြှုပ်ထားလို့ တလက်လက်
ဖြစ်နေသလိုမျိုး...
သူ့မျက်ဝန်းများနဲ့ ကျတော့်ကို တည့်မတ်စွာ ကြည့်လာလျှင် မျက်စံလေးက ပုလဲနက် ကလေး ဝင်နေသလိုမျိုး...

တအား လှတယ်...

မျက်ရစ်မို့မို့လေးနှင့် ဖုံးကွယ်ထားပေမယ့် သူ့
မျက်တောင် အစွန်းတွေးကိုငေးကြည့်ရင်း ကျတော့် လက်က သူ့ မျက်တောင်လေးတွေကို
တို့ကြည့်မိလျက်သား...

သို့တိုင်အောင်နိုးမလာ...အသက်ရှုသံ သိုးသိုးသဲ့သဲ့
နဲ့ အိပ်မက်တိုင်းပြည်မှာပျော်မွေ့နေတုန်း...

ကိုယ့်အောက်နှုတ်ခမ်းကိုယ် ခပ်တင်းတင်းကိုက်ခဲ လိုက်မိတယ်...

ချစ်ဖို့ကောင်းလိုက်တဲ့ကျတော့်ချစ်သူ...

နဖူးပေါ်တွင် ကျနေသော ဆံပင်ခပ်ဖွာဖွာကြမ်း
ကြမ်းလေးများကို ကျတော်လက်ချောင်းလေးတို့
ဖြင့်အသာထိတွေ့ကာ လက်ဖဝါးလေးဖြင့်ညင်
ညင်သာသာ ပွတ်ပေးမိ၏...

မနေ့ ကျတော် ဝယ်လာပေးတဲ့ Tshirt က လည်ပင်း အဲ့လောက်ပြဲသွားမှန်း မသိ..
အခု အင်္ကျီ လည်ပင်းက တစောင်းတရွဲနဲ့ ပခုံးသား
တွေပေါ်လို့...

ချစ်စရာအဲ့လောက်ကောင်းဖို့လိုလို့လား..
Chanyeollie...

အောက်ပိုင်းကိုကြည့်တော့လည်း ကျတော်ပဲ
အမြင်အာရုံအားနည်းလို့လား မသိ...
သူတပါးထက် ခေါင်းတလုံးမြင့်နေတဲ့သူ့အရပ်ကို
သတိမထားမိပဲ...သူများအတွက် ဘောင်းဘီအရှည်ပေမယ့် သူများတွေထက် ခြေတံရှည်တဲ့ Chanyeol အတွက်ဝယ်လာတဲ့ဘောင်းဘီကခြေသလုံး
အထက်တိုနေတဲ့အပြင် အိပ်ချင်သလိုအိပ်ထား
တာကြောင့် ပေါင်လုံးတစတစွန်းပေါ်နေပြန်ရော...

ချစ်သောပင်လယ်ပြာWhere stories live. Discover now